ဟန်ဆီဖလစ်ခ်

A d v e r t i s e m e n t With Us

December 1, 2020

အက်သလက်တီကိုနှင့်ပွဲစဉ်တွင် အဓိကကစားသမား ၃ ဦးကို အနားပေးမည်ဟု ဘိုင်ယန်နည်းပြ ပြော

အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ အဓိက ကစားသမား ၃ ဦးကို အနားပေးသွားမယ်လို့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်ခ်က အတည်ပြုလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာချန်ပီယံ လိဂ်အုပ်စု A မှာ ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ပြီး ဖြစ်ပါတယ်။  မက်ဒရစ်မှာ သွားကစားရမယ့် အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲစဉ်မှာတော့ တိုက်စစ်မှူး လီဝန်ဒေါစကီး အပါအဝင် ဂိုးသမား နူအာနဲ့ ကွင်းလယ်လူ ဂေါ့ရက်ဇ်ကာတို့ ၃ ဦးကို ခေါ်ဆောင်သွားမှာမဟုတ်ကြောင်း နည်းပြဖလစ်ခ်က အတည်ပြုပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြဖလစ်ခ်နဲ့ အတူ စပိန်နောက်ခံလူ မာတီနက်ဇ်လည်း တက်ရောက်ခဲ့တာပါ။ အသက် ၃၂ နှစ်ရှိ မာတီနက်ဇ်ဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အနားမယူခင်မှာ အတွေ့အကြုံသစ်တွေရှာ ဖွေသွားချင်သေးတယ်လို့ ပြောပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးချန်ပီယံလိဂ် ၁၅ ပွဲ ဆက်တိုက် အနိုင်ရရှိထားပြီး အက်သလက်တီကိုနဲ့ပွဲမှာ နိုင်ပွဲစံချိန်ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
3 months Ago
Up