ဟန့်တားနိုင်ခဲ့

July 30, 2017

သြစကြေးလျတွင် လေယာဉ်အား တိုက်ခိုက်မည့်ကြိုတင်စီစဉ်မှုတခုကို ဟန့်တားနိုင်ခဲ့

သြစတြေးလျ အကြမ်းဖက်မှု တိုက်ဖျက်ရေး စီးနင်းမှုတွေကြောင့် လေယာဉ်အား တိုက်ခိုက်မယ့် ကြိုတင်စီစဉ်မှုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တလွှား အကြမ်းဖက်မှု တိုက်ဖျက်ရေး စီးနင်းမှုတွေကို ဇူလိုင် ၂၉ ရက်နေ့ နှောင်းပိုင်းက ဆောင်ရွက်ခဲ့ရာမှာ လေယာဉ်တစီးကို ဖျက်ချဖို့ ကြံစည် ပြင်ဆင်ထားတာကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးက ဒီနေ့ ပြောပါတယ်။ “ဆစ်ဒနီစီးနင်းမှုမှာ လူလေးယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်၊ အဲဒီနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးစား စစ်ဆင်ရေးကို လုပ်နေဆဲဖြစ်ပြီး လုံခြုံရေး ဆောက်ရွက်ချက်တွေကို အဓိကလေဆိပ်တွေမှာ ပိုပြီး တာဝန်ချထားတယ်” လို့ သူက ဆက်ပြောပါတယ်။ ခရီးသွားဖို့ စီစဉ်ထားသူတွေဟာ ယုံကြည်မှုရှိရှိနဲ့ ဆက်ပြီး လုပ်သင့်တယ်၊ ဒါပေမယ့် လုံခြုံရေး ပိုချထားလို့ လုံခြုံရေး စစ်ဆေးခံယူဖို့ အချိန်ပိုယူခွင့် ပြုသင့်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အမေရိကန်ရဲ့ နီးကပ်တဲ့ မဟာမိတ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံမှာ ပြည်တွင်းပေါက် စစ်သွေးကြွတွေက အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်ကာ ပြန်လာခဲ့အပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ တပ်လှန့်မှု မြှင့်တင်ထားပါတယ်။ ၂၀၁၄ နောက်ပိုင်းမှာ တကိုယ်တော် တိုက်ခိုက်မှုတွေ အတော်များများ ဖြစ်ခဲ့အပြီး တိုက်ခိုက်မယ့် အလားအလာတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေလို အဖွဲ့အစည်းတွေနဲ့အတူ တိုက်ခိုက်ဖို့ ဆီးရီးယားနိုင်ငံကို သြစတြေးလျနိုင်ငံက လူအယောက် ၁၀၀ လောက် သွားခဲ့တယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက အရင်လက ပြောခဲ့ပါတယ်။
4 years Ago
Up