ဟန်ဂေရီတွင် လက်လုပ်ဗုံးတလုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

A d v e r t i s e m e n t With Us

September 26, 2016

ဟန်ဂေရီတွင် လက်လုပ်ဗုံးတလုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက် (Budapest) မြို့တော်မှာ စက်တင်ဘာ ၂၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ဟန်ဂေရီရဲချုပ်က ပြောပါတယ်။ ဘူဒါပက်မြို့လယ်က ဆိုင်တဆိုင်မှာ ပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဗုံးခွဲသူလို့ သံသယရှိသူကို အမေရိကန်ဒေါ်လာ ၄ သောင်း ဆုငွေထုတ်ထားပြီး အသက် ၂၀-၂၅ နှစ်အရွယ်၊ အရပ် ၆ ပေလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ရဲမေတဦးရော၊ အသက် ၂၆ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်တဦးရော ဆေးရုံမှာ အခြေအနေ ကောင်းမွန်လာတယ်လို့လည်း ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်တဲ့ ဓာတ်ပုံ၊ ဗွီဒီယို စတဲ့ အချက်အလက်တွေ ရှိထားရင် ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားဖို့ မြို့တော်ရဲတပ်ဖွဲ့က မြို့ခံတွေကို တိုက်တွန်းထားပါတယ်။
4 years Ago
Up