ဟန်နီဘယ်

February 1, 2019

ပြင်သစ် လူငယ်ဘောလုံးကြယ်ပွင့် ဟန်နီဘယ်ကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား

အနာဂတ်ရဲ့ ဘောလုံးကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်သား ဟန်နီဘယ်မက်ဂ်ျဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းလည်း ပါဝင်လာပါတယ်။ လီဗာပူး၊ အာဆင်နယ်၊ လိုင်ယွန်၊ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဟန်နီဘယ်ကို မန်ချက်စတာယူနိုက်တက်အသင်းက နောက်ဆုံးမှ စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် လက်ဦးမှု ရယူလိုတာကြောင့် အပူတပြင်း ချိတ်ဆက်နေပါတယ်။ တခြားအသင်းတွေကတော့ ဟန်နီဘယ်ရဲ့ မိသားစုကတဆင့် ချိတ်ဆက်နေပြီး တိုးတက်မှု မရှိခဲ့ပေမယ့် ယူနိုက်တက်က ခေါ်ယူဖို့ ပိုပြီးနီးစပ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ လတ်တလောမှာတော့ ၁၆ နှစ်သား ဟန်နီဘယ်ကို မိုနာကိုက လက်လွှတ်ချင်တဲ့သဘော မရှိလို့ အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ရေး ကြန့်ကြာနေတာပါ။ အစောပိုင်းကလည်း ယူနိုက်တက်အနေနဲ့ အေမီယန်စ်အသင်းက ၁၆ နှစ်သား ပြင်သစ်လူငယ်လေး နော်မန် အီမာရန်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up