ဟန်ချက်ပျက်လွှတ်တော်

September 22, 2018

ဟန်ချက်ပျက်လွှတ်တော်ကို ၀င်ထိန်းနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲပြိုင်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော

ဟန်ချက်ပျက်နေတဲ့ လွှတ်တော်ကို အတိုင်းအတာတခုထိ ၀င်ထိန်းဖို့အတွက် ရည်ရွယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရတာလို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ နိုဝင်​ဘာ ၃ ရက်​​နေ့ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ အမှတ်​ ၁၈ ရပ်​ကွက်​ လူထု ဟစ်​တိုင်​ကွင်းမှာ ကျင်းပတဲ့ လူထု​တွေ့ဆုံပွဲမှာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး နှင့် ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ ဦးသန်း​ဌေးက ပြောကြားလိုက်တာပါ။ “ဒီ​နေ့ လွှတ်​​တော်​တခုလုံး အမတ်​ ၆၀၀ ​လောက်​ရှိတဲ့အထဲမှာ ၁၀ ​နေရာ​လောက်​ ဘာ​ကြောင့်ဝင်​ပြိုင်​ရသလဲဆိုရင်​ ဟန်​ချက်​ပျက်​​နေတဲ့ လွှတ်​​တော်​ကို အတိုင်းအတာတခုအထိ ဝင်​ထိန်းသွားခြင်​တာရယ်​၊ ကျ​နော်​တို့ပါတီက အမျိုးချစ်​တယ်​၊ အမျိုးအ​ပေါ်မှာ သစ္စာရှိတယ်​၊ အဲ့ဒီအတွက်​ တကမ္ဘာလုံးနဲ့ တန်းတူရည်​တူဆက်​ဆံတယ်​။ မြန်​မာတို့ရဲ့ဇာတိ​သွေး၊ ဇာတိမာန်​၊ ဇာတိဂုဏ်၊​ အမျိုးဂုဏ်​ကို ပြည်​ခိုင်​ဖြိုးပါတီတာဝန်​ယူတဲ့အခါမှာ မညှိုးနွမ်း​စေရဘူး၊ ကျ​နော်​တို့ပါတီကိုသာ မဲ​ပေးပြီး တာဝန်​ပြန်​​ပေးပါ၊ တာဝန်​ပြန်​​ပေးတဲ့အချိန်​ကစပြီး ဂုဏ်​သိက္ခာရှိတဲ့ မြန်​မာနိုင်​ငံသား​တွေအဖြစ်​ ပြန်​လည်​ရပ်​တည်​နိုင်​စေရမယ်။” ကြားဖြတ်ရွေးကောက်ပွဲမှာ မြင်းခြံမြို့နယ်​ကနေ ၀င်ပြိုင်မယ့် ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​​လောင်း ​ဒေါက်​တာသန်းဝင်းက "ခုလို လူထုနဲ့တွေ့ဆုံရတာဟာ ပြည်​သူ​တွေ မဲ​ပေးရမှာ သိ​အောင်​လို့ပါ၊ ​ကျနော်​​တို့ပါတီရဲ့ လုပ်​​ဆောင်​ချက်​ စွမ်း​ဆောင်​ချက်​​တွေက ဘာနဲ့မှ နှိုင်းယှဉ်​လို့မရပါဘူး။ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ၁၀၀ ရာခိုင်​နှုန်းအထိ ​မျှော်​လင့်ထားပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ လူထုတွေ့ဆုံပွဲ အခမ်းအနားကို လူဦးရေ ၁၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ မြင်းခြံမြို့နယ်​မှာ​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲ​ပေးပိုင်​ခွင့်ရှိသူ ၂၂၁၃၅၉ ဦးရှိပြီး မဲရုံ​ပေါင်း ၂၆၈ ရုံ ထားရှိမှာလည်း ဖြစ်​ပါတယ်​။ နိုင်ငံတ၀န်း ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက် ကျင်းပမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက လစ်လပ်မဲဆန္ဒနေရာ ၁၃ နေရာအနက် ၁၀ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သတင်း ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up