ဟတ်စကီး

March 27, 2020

နည်းပြကလော့ပ်ကို ခေါ်ယူရန် ရီးရဲလ်နှင့် ဘာစီလိုနာ ကြိုးပမ်းလာနိုင်ဟု ဟတ်စကီးပြော

လီဗာပူးနည်းပြ ကလော့ပ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေဘက်က ကြိုးပမ်းလာနိုင်တယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဟတ်စကီးက ပြောပါတယ်။  ဂျာမန်နိုင်ငံသား ကလော့ပ်ဟာ လီဗာပူးအသင်းမှာ အကောင်းဆုံးစွမ်းဆောင်ထားလို့ ၂၀၂၄ ခုနှစ်အထိလည်း စာချုပ် သက်တမ်းတိုးထားတာပါ။  ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေဘက်က ကလော့ပ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာနိုင်တာကြောင့် နည်းပြကလော့ပ်အနေနဲ့ အသင်းကနေ ထွက်ဖို့ ရှိလာနိုင်တယ်လို့ ဟတ်စကီးက သုံးသပ်ပါတယ်။  ဒါ့အပြင် ကလော့ဟာ လီဗာပူးအသင်းမှာ အဆင်ပြေနေတာကြောင့် အမြန်ဆုံး ပြောင်းရွှေ့သွားဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ဟတ်စကီးက ဆိုပါတယ်။ လီဗာပူး ကစားသမားဟောင်းလည်းဖြစ်တဲ့ ဟတ်စကီးကတော့ ကစားသမားဟောင်း ကော်တင်ဟို လီဗာပူးကို ပြန်လာမယ်ဆိုရင် သူ့အတွက် နေရာမရှိတော့ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
2 years Ago
Up