ဟတ်ဒါဖီးလ်ဒ်

January 21, 2019

မန်စီးတီးက ဟတ်ဒါဖီးလ်ဒ်ကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အဖြစ် မန်စီးတီးနဲ့ ဟတ်ဒါဖီးလ်ဒ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ စနေနေ့မှာ ထိပ်ဆုံးက လီဗာပူးအသင်း အနိုင်ရရှိထားလို့ မန်စီးတီးတို့ မဖြစ်မနေ ရမှတ်အပြည့်ရဖို့ ကစားသွားခဲ့တာပါ။ ဟတ်ဒါဖီးလ်ဒ်အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် နောက်ခံလူ ဒန်နီလို ခြေစွမ်းပြပြီး ၃ ဂိုးပြတ်ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁၈ မိနစ်မှာ ဒန်နီလိုက ဦးဆောင်ဂိုးသွင်းယူပြီး ဒုတိယပိုင်း ၅၄ မိနစ်နဲ့ ၅၆ မိနစ်မှာ စတာလင်နဲ့ ဆာနေးတို့ နှစ်ဂိုးဆက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရပေမယ့်လည်း မန်စီးတီးဟာ လီဗာပူးနဲ့ ၄ မှတ် ကွာဟနေသေးပြီး ချန်ပီယံဆုအတွက်ကတော့ လီဗာပူးရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ အသင်းတွေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး ကြိုးပမ်းနေတဲ့ အသင်းတွေရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အခြေအနေမှာ ရောက်ရှိနေပြီး မန်စီးတီးနဲ့ ၅ မှတ်သာကွာဟတဲ့ တတိယနေရာက စပါးကတော့ လာမယ့်ပွဲစဉ်တွေမှာ ပွဲချောင်နေပါတယ်။ မန်စီးတီးကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ အဲဗာတန်တို့နဲ့ တွေ့ဆုံနေပြီး ပွဲကြပ်နေတာကြောင့် လာမယ့်ရက်သတ္တပတ်တွေဟာ ပရီးမီးယားလိဂ်ရဲ့ ရင်ခုန်စရာ အကောင်းဆုံးအချိန်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။
2 years Ago

August 20, 2018

အဂွေရိုဟက်ထရစ်သွင်းပြီး မန်စီးတီးက ဟတ်ဒါဖီးလ်ဒ်ကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဟတ်ဒါဖီးလ်ဒ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဂိုးမိုးရွာပြီးနောက် ၂ ပွဲကစား ၂ ပွဲနိုင် ရဂိုး ၈ ဂိုး၊ ပေးဂိုး ၁ ဂိုးနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ မန်စီးတီးအသင်းဟာ မနှစ်က သူတို့အသင်းရဲ့ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တာ တွေ့ရပြီး ဒီပွဲမှာ ဂိုးကန်သွင်းမှု ၂၄ ကြိမ်မှာ ၁၄ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီးတော့ ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ တိုက်စစ်မှူး အဂွေရိုရဲ့ ဟက်ထရစ်ဂိုး အပါအဝင် ၆ ဂိုး ၁ ဂိုးနဲ့ ဟတ်ဒါဖီးလ်ဒ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဟက်ထရစ်ရှင် အဂွေရိုကိုလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဂွေရိုဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာပါ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဟတ်ဒါဖီးလ်ဒ်အသင်းကတော့ နှစ်ပွဲကစား နှစ်ပွဲလုံးရှုံးပြီး အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
3 years Ago
Up