ဟတ်ဒါစ်ဖီးလ်ဒ်

May 6, 2019

ဟတ်ဒါစ်ဖီးလ်ဒ်နှင့် သရေကျပြီး မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ တဂိုးစီ သရေကျလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မျှော်လင့်ချက် အဆုံးသတ်သွားပါတယ်။ မန်ယူက ဒီပွဲနိုင်ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရရေး မျှော်လင့်နိုင်ပေမယ့် သရေကျသွားတဲ့အတွက် လာမယ့်ရာသီမှာ ယူရိုပါလိဂ် ဝင်ခွင့်နဲ့ပဲ ကျေနပ်ရတော့မှာပါ။ မန်ယူက ပွဲအစ ၈ မိနစ်မှာပဲ တွမ်မီနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ တန်းဆင်းသွားပြီဖြစ်တဲ့ ဟတ်ဒါစ်ဖီးလ်ဒ်ဟာ ဒီပွဲမှာ မန်ယူကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပါတယ်။ မန်ယူကစားသမားတွေ ဖိအားများနေတဲ့အတွက် အမှားအယွင်းများခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပါဘူး။ ဟတ်ဒါစ်ဖီးလ်ဒ်အတွက် ချေပဂိုးကို မန်ယူနောက်ခံလူ မရှင်းထုတ်နိုင်တဲ့ အမှားကနေ မိနစ် ၆၀ မှာ သွင်းယူပါတယ်။ ဒီပွဲသရေကျလို့ မန်ယူက လက်ကျန်တပွဲပဲ ကျန်တဲ့အချိန်မှာ ၆၆ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက စပါးနဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
2 years Ago

February 27, 2019

ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန်၊ လက်စတာ၊ ဟတ်ဒါစ်ဖီးလ်ဒ်နှင့် နယူးကာဆယ်တို့ အနိုင်ရ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အဖြစ် မနေ့ညက ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွေမှာ အဲဗာတန်၊ လက်စတာ၊ ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ နယူးကာဆယ်တို့ အသီးသီး နိုင်ပွဲရခဲ့ပါတယ်။ တန်းဆင်းဇုန်ထိပ်နားက ကာဒစ်နဲ့ အဲဗာတန်တို့ ပွဲစဉ်မှာတော့ အဲဗာတန်က အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ အဲဗာတန်အတွက် ပွဲချိန် ၄၁ မိနစ်နဲ့ ၆၆ မိနစ်မှာ ဆီဂတ်ဆန်က နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာ ကဲလ်ဗာ့တ်လီဝင်က တဂိုးသွင်းယူပေးခဲ့ပါတယ်။ အမှတ်ပေးဇယားအောက်ဆုံးက ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ ဝုဗ်ဗာဟမ်တန်တို့ ပွဲစဉ်မှာတော့ ဟတ်ဒါစ်ဖီးလ်ဒ်က တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ တန်းဆင်းဇုန်ထဲက ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ ရုန်းကန်အားကြောင့် ဝုဗ်အသင်း အခက်တွေ့ခဲ့ပြီး ဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ မူနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရလဒ်တွေ ဆိုးရွားနေလို့ လောလောလတ်လတ် နည်းပြ အထုတ်ခံထားရတဲ့ လက်စတာအသင်းက အိမ်ကွင်းမှာ ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လက်စတာအတွက် ပွဲအစ ၁၀ မိနစ်မှာပဲ ဂရေးက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၆၃ မိနစ်မှာ တိုက်စစ်မှူး ဂျေမီ ဗာဒီက တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘရိုက်တန်အတွက် ချေပဂိုးတဂိုးကိုတော့ ၆၆ မိနစ်မှာ ပရော့ပ်ပါက သွင်းယူပေးခဲ့ပါတယ်။ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ နယူးကာဆယ်အသင်းကလည်း အိမ်ကွင်းမှာ ဘန်လေကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ နယူးကာဆယ်အတွက် ပွဲချိန် ၂၄ မိနစ်မှာ ဖေဘီယန်ရှားနဲ့ ၃၈ မိနစ်မှာ ရှောင်လောင်းစတပ်ဖ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်တွေ အပြီးမှာတော့ အဲဗာတန်က အဆင့် ၉ နေရာ၊ လက်စတာက အဆင့် ၁၁ နေရာ၊ နယူးကာဆယ်က အဆင့် ၁၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဝုဗ်က အဆင့် ၈၊ ဘန်လေက အဆင့် ၁၅၊ ဘရိုက်တန်က အဆင့် ၁၆၊ ကာဒစ်က အဆင့် ၁၇ နဲ့ ဟတ်ဒါစ်ဖီးလ်ဒ်က အဆင့် ၂၀ မှာ အသီးသီး ရပ်တည်နေပါတယ်။
2 years Ago
Up