ဟင်္သာတခရိုင်ပြန်ဆက်

March 8, 2021

ဟင်္သာတခရိုင်ပြန်ဆက်ဝန်ထမ်းနှစ်ဦး CDM တွင် ပါဝင်လာ

ဟင်္သာတခရိုင်ပြန်ဆက်မှာ တာ၀န်ထမ်း‌ဆောင်နေတဲ့ ရုပ်သံကျွမ်းကျင်-၃ (အကြီးတန်းစာရေးအဆင့်) ရှိ ဦးထက်မြက်နဲ့ အငယ်တန်းစာရေးဝန်ထမ်း ဒေါ်အေးသူဇာတို့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာ၀န်ထမ်းဆောင်လိုခြင်းမရှိတော့လို့ မတ် ၇ ရက်နေ့က CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။

ဟင်္သာတခရိုင် ပြန်ဆက်က ပထမဆုံး အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါ၀င်ပြီး  ပြည်သူလူထုနဲ့ တသားတည်းရပ်တည်တဲ့အနေနဲ့ CDM မှာ ပါဝင်တာဖြစ်ပြီး အလုပ်ထွက်ခြင်းမဟုတ်ကြောင်း၊ ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့အစိုးရ တာ၀န်ထမ်းဆောင်ချိန်ရောက်မှသာ အလုပ်တာ၀န်တွေကို ပြန်လည်ထမ်းဆောင်သွားမယ်လို့  သိရပါတယ်။

2 years Ago
Up