ဟင်္သာတခရိုင်ဆေးရုံ

February 25, 2021

ဟင်္သာတခရိုင်ဆေးရုံအား ရဲတပ်ဖွဲ့က လာရောက်ဖွင့်လှစ်မှုကို ဆန္ဒပြသူများက ဝိုင်းဝန်းကန့်ကွက်

ဟင်္သာတခရိုင်ဆေးရုံအတွင်း ပြင်ပလူနာဌာန ပြန်ဖွင့်ဖို့ ရဲတပ်ဖွဲ့က ကြိုးစားတာကို ဆန္ဒပြပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ခရိုင်ရဲတပ်ဖွဲ့မှူးအဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့တို့ ပူးပေါင်းကာ ဒီနေ့မနက်ပိုင်းက  ခရိုင်ပြည်သူ့ဆေးရုံ လာဖွင့်တဲ့အပေါ် ဒေသခံတွေက ပိတ်ဆို့ ကန့်ကွက်ခဲ့ကြတာပါ။

တံခါးပိတ်ထားတဲ့ ပြည်သူ့ဆေးရုံရဲ့ရှေ့မှာ ဆန္ဒပြပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြပြည်သူတွေက ပြည်သူ့ဆေးရုံ ပြည်သူများပိုင်တယ်ဆိုပြီး ကြွေးကြော် ကန့်ကွက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲကားတွေ ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

2 years Ago
Up