ဟင်းလင်းပြင်

October 20, 2018

ဟင်းလင်းပြင် အညစ်အကြေးစွန့်မှု ကင်းစင်ရေး သန့်ရှင်းသော အိန္ဒိယ လှုပ်ရှားမှု

အိန္ဒိယနိုင်ငံအတွင်း ၂၀၁၉ မှာ ဟင်းလင်းပြင် အညစ်အကြေးစွန့်မှု ကင်းစင်ရေး သန့်ရှင်းသော အိန္ဒိယ လှုပ်ရှားမှုကို အရှိန်အဟုန် အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ သန့်ရှင်းသော အိန္ဒိယလှုပ်ရှားမှုအတွင်း အများသုံး သန့်စင်ခန်းပေါင်း သန်း ၈၀ ကို လက်ရှိ အစိုးရလက်ထက် ၄ နှစ်ခွဲအတွင်း တည်ဆောက်ခဲ့ပြီးပါပြီ။ “အမျိုးသမီး သီးသန့် အများသုံးသန့်စင်ခန်းကို ဒီမှာ ဆောက်လိုက်တာ အင်မတန် စိတ်သက်သာရာရတယ်။ အရင်ကဆို ကျမတို့ လယ်ကွင်းတွေထဲမှာ ကိစ္စ ရှင်းရတယ်။ တခါတလေ ညဘက်မှာ ရထားလမ်းပေါ်မှာ သွားရလို့ မတော်တဆ ဖြစ်ကြတယ်။ ပန်းခြံတွေကို သွားရင် ယောက်ျားတွေက တိတ်တိတ် အနားကပ်လာတယ်။ ကျမတို့ အင်မတန် စိတ်မသက်မသာ ဖြစ်ရတယ်။ ခုတော့ လေးစားခံရတဲ့ ဘဝမှာ နေရလို့ ဝမ်းသာတယ်” လို့ လူမှုရေး လုပ်သား ရာနီး ကုမာရီက ပြောပါတယ်။ အများသုံး သန့်စင်ခန်းတွေကို ဆောက်ထားပေမယ့် မနက်ခင်း အိပ်ယာနိုးချိန် ဆင်းရဲသား ရပ်ကွက်တွေမှာ အမျိုးသားအုပ်စုတွေ လူမြင်ကွင်းမှာ ဆီးသွားနေတာကို မြင်ရဆဲဖြစ်ပြီး ဆင်းရဲသား ရပ်ကွက်မှာနေတဲ့ လူဦးရေနဲ့ စာရင် အများသုံးသန့်စင်ခန်းတွေ လုံလောက်အောင် မရှိသေးလို့ ပိုပြီး ဆောက်ရလိမ့်မယ်လို့ သန့်စင်ခန်း စောင့်ရှောက်သူ စာထိဗရတ် ပါးထပ်ခ်က ပြောပါတယ်။ သန့်စင်ခန်း ပိုဆောက်ဖို့အပြင် အာဏာပိုင်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက လူတွေ သန့်စင်ခန်းတွေကို သုံးဖို့နဲ့ လက်ရှိ အမူအကျင့်ကို ပြောင်းရေး သတင်းအချက်အလက်နဲ့ ပညာပေးဖို့ပါ။ အိန္ဒိယမှာ ဟင်းလင်းပြင် အညစ်အကြေးစွန့်မှု ကင်းစင်ရေး တကယ်ဖြစ်လာဖို့ အချိန်တချို့ ယူရလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
3 years Ago
Up