ဟင်းရည်ပူအိုးမှောက်ကျပြီး မျက်နှာအပူလောင်ခဲ့သည့် ကလေးငယ်ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့

September 26, 2017

ဟင်းရည်ပူအိုးမှောက်ကျပြီး မျက်နှာအပူလောင်ခဲ့သည့် ကလေးငယ်ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့

တရုတ်နိုင်ငံ စားသောက်ဆိုင်တဆိုင်ထဲမှာ ဟင်းရည်ပူအိုး မှောက်ကျပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အပူလောင်သွားခဲ့တဲ့ အခိုက်အတန့် ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စားပွဲထိုးတဦးဟာ ကလေးငယ်မိသားစုစားပွဲရှိရာဆီ ပွက်ပွက်ဆူနေတဲ့ စွပ်ပြုတ်ဟင်းရည်အိုးတအိုး သယ်ဆောင်ပြီး လျှောက်လာခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် စားပွဲအနီးအရောက်မှာတော့ သူဟာ ခြေချော်ကာ လဲကျတော့မလိုဖြစ်ခဲ့ပြီး ဟန်ချက်ပျက်ကာ သယ်ဆောင်လာတဲ့ ဟင်းရည်ပူအိုးက စားပွဲပေါ် လွတ်ကျခဲ့ကာ ကလေးငယ်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တွေဆီ စင်သွားခဲ့ပြီး အပူလောင်သွားခဲ့တာပါ။ ကလေးငယ်ဟာ မိဘ ၂ ဦးနဲ့ အတူထိုင်နေခဲ့တာဖြစ်ပြီး စားပွဲရဲ့ အစွန်းဘက်ခုံမှာ ထိုင်နေခဲ့တာမို့ ခုလို ဆိုးဆိုးဝါးဝါး အပူလောင်သွားခဲ့တာဖြစ်ပြီး အင်တာနက် စာမျက်နှာပေါ်မှာတော့ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်နေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့သူ ထောင်သောင်းချီရှိခဲ့ပြီး စားသောက်ဆိုင်တွေကို ကလေးတွေနဲ့သွားမယ်ဆိုရင် အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တဲ့ နေရာအနီးနားမှာ မထားမိစေဖို့ သတိပေး ဝေဖန်မှတ်ချက်တွေ ပေးနေကြပါတယ်။
4 years Ago
Up