ဟင်းချက်ဆရာ

July 7, 2018

နာမည်ကျော် ဘောလုံးသမားပုံတူများ ဖရဲသီးပေါ်တွင် ဖန်တီးသည့် ဟင်းချက်ဆရာ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက နာမည်ကျော်ဟင်းချက်ဆရာတဦးဟာ ဖရဲသီးတွေမှာ ဘောလုံးအကျော်အမော်တွေရဲ့ ပုံတူတွေကို ပုံဖော်ဖန်တီးပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲအပေါ်မှာ သူရဲ့စိတ်ဝင်စားမှုကို ဖော်ပြခဲ့ပါတယ်။ လျောင်နင်းပြည်နယ် ရှန်းယန်မြို့ ခရီးသွားပညာကျောင်းက ဆရာတဦးဖြစ်တဲ့ ကျန်းကျောင်းမင်ဟာ ဘောလုံးအကျော်အမော်တွေရဲ့ ပုံတူပန်းချီကို  ဖရဲသီးတွေပေါ်မှာ အနုပညာမြောက်စွာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သူက စားစရာပေါ်မှာ ပုံဖော်ရတာဟာ တိကျဖို့ ပိုလိုတာကြောင့် တကယ်ကို ခက်ခဲတယ်လို့ ပြောပါတယ်။ သူဟာ လက်ရာတခုတည်းကို အချိန် ၂ နာရီကျော်ပေးပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူဟာ စားစရာပုံဖော်တဲ့အတတ်ပညာကို သင်ကြားပြသနေတာ ၁၆ နှစ် ရှိပါပြီ။ ဘောလုံးအကျော်အမော်တွေ၊ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ ကာတွန်းပုံတွေကို ပုံဖော်ရေးဆွဲရတာ နှစ်သက်တယ်လို့ ကျန်းကျောင်းမင်က ပြောပြခဲ့ပါတယ်။
3 years Ago
Up