ဟင်နရီကေး

June 10, 2015

နည်းပြ ဟင်နရီကေးကို ဘာစီလိုနာက ၂၀၁၇ အထိ သက်တမ်းတိုး

ဘာစီလိုနာအသင်းက လက်ရှိ နည်းပြ လူးဝစ် ဟင်နရီကေးရဲ့ စာချုပ်သက်တမ်းကို ၂၀၁၇ အထိ သက်တမ်း တိုးလိုက်ပါတယ်။ နည်းပြ ဟင်နရီကေးဟာ ဘာစီလိုနာကို စတင်ကိုင်တွယ်တဲ့ ပထမရာသီမှာပဲ အသင်းကို ဖလား ၃ လုံး ရအောင် စွမ်းအောင်ပေးနိုင်လို့ စာချုပ်သက်တမ်း တိုးမြှင့်ခံရတာ ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် နည်းပြဟာ ဘာကာကို ချန်ပီယံလိဂ်၊ စပိန်လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတွေကို ဆွတ်ခူးနိုင်အောင် ကူညီထားပါတယ်။ နည်းပြ ဟင်နရီကေးရဲ့ အနာဂတ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျုဗင်တပ်ကို အနိုင်ရပြီးနောက်ပိုင်း အသင်းမှာ ဆက်ရှိနေဖို့ မရေမရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘာကာ အသင်းဥက္ကဋ္ဌက နည်းပြနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။ သူဟာ ဘာစီလိုနာကို စတင် ကိုင်တွယ်တဲ့အချိန်မှာပဲ နည်းပြဟောင်း ဂွာဒီယိုလာ လက်ထက်တုန်းက အောင်မြင်မှုမျိုး ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီထဲမှာ ဖလား ၃ ခု ရယူနိုင်တဲ့အတွက် ၂၀၁၆ မရောက်ခင်အထိ ကစားသမားသစ် မခေါ်ယူဖို့ တားမြစ်ခံထားရပေမယ့်လည်း နာမည်ကြီး ကစားသမားတွေကို ရအောင် ခေါ်ယူသွားမယ်လို့ ဘာကာအသင်းဥက္ကဋ္ဌက ပြောဆိုထားပါတယ်။
6 years Ago
Up