ဟက်ရှမ်အက်ဘက်ဒီ

A d v e r t i s e m e n t With Us

March 18, 2020

မန်ချက်စတာ ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်သူ၏ ညီဖြစ်သူကို အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်

လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ ဗုံးခွဲတိုက်ခိုက်မှုမှာ ကျူးလွန်သူရဲ့ ညီဖြစ်သူကို လူ ၂၂ ယောက် သတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်လို့ မတ်လ ၁၇ ရက်မှာ လန်ဒန် အိုးဘေလီတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၇ မေလတုန်းက ပေါ့အဆိုတော် အရီရန်ဒါဂရန်ဒေးရဲ့ မန်ချက်စတာ ဖျော်ဖြေပွဲမှာ ဆယ်မန်အက်ဘက်ဒီဆိုသူ လူငယ်တဦး အသေခံ ဗုံးခွဲတိုက်ခိုက်လို့ လူ ၂၂ ယောက် သေဆုံးပြီး ၂၃၇  ယောက် ဒဏ်ရာရခဲ့ပါတယ်။  ဗြိတိန် အစိုးရရှေ့နေတွေက ကျူးလွန်သူရဲ့ ညီငယ်ဖြစ်သူ အသက် ၂၂ နှစ်အရွယ် ဟက်ရှမ်အက်ဘက်ဒီဟာလည်း တိုက်ခိုက်မှုမှာ အိမ်လုပ်ဗုံး အစိတ်အပိုင်းတွေ ဝယ်ယူရာမှာ အစ်ကိုကို ကူညီခဲ့ပြီး အတူတကွ ဗုံးပြုလုပ် စမ်းသပ်ခဲ့လို့ အပြစ်ရှိတယ်လို့ လန်ဒန် အိုးဘေလီ တရားရုံးက  ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ဧပြီလလယ်မှာ လစ်ဗျားကို မပြန်ခင် မန်ချက်စတာမြို့ သီးခြားနေရာတွေမှာ အစိတ်အပိုင်းတွေ စုဆောင်းပြီး ဗုံးကို ပြုလုပ်ခဲ့တာပါ။ တိုက်ခိုက်မှု ဖြစ်ချိန်မှာ ဟက်ရှမ်ဟာ လစ်ဗျားမှာ ရှိနေပြီး ၂၀၁၉ ဇူလိုင်လမှာတော့ သူ့ကို ဗြိတိန်ဆီ ပြန်ပို့ခဲ့ပါတယ်။ မန်ချက်စတာ တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်လို့ ပြောပေမယ့် ဗြိတိန် ထောက်လှမ်းရေးတွေကတော့ အဲဒီပြောကြားချက်ကို သံသယရှိနေပါတယ်။  လစ်ဗျားခေါင်းဆောင် ကဒါဖီ အုပ်ချုပ်စဉ်ကာလအတွင်း  အက်ဘက်ဒီတို့ မိသားစုဟာ ဗြိတိန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
12 months Ago
Up