ဟက်ရီရက်ဒ်နက် ခန့်မှန်း

February 18, 2017

သုံးလေးနှစ်အတွင်း စပါးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု ဟက်ရီရက်ဒ်နက် ခန့်မှန်း

စပါးအသင်းအနေနဲ့ လာမယ့် သုံးလေးနှစ်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိလိမ့်မယ်လို့   အသင်းနည်းပြဟောင်း ဟယ်ရီရက်ဒ်နက်က ခန့်မှန်းလိုက်ပါတယ်။ စပါး အသင်းဟာ လက်ရှိနည်းပြပို ချက်တီနိုလက်အောက်မှာ ခြေစွမ်းများစွာတိုးတက်လာပြီး ကောင်းမွန်တဲ့ ကစားပုံလည်း ရှိတယ်လို့ ဟယ်ရီရက်ဒ်နက်က သုံးသပ်ပါတယ်။ အထူးသဖြင့် နောက်တန်းအစွန်ကစားသမားတွေဖြစ်တဲ့ ဒယ်နီ ရို့စ်နဲ့ ကိုင်လီဝေါ်ကာတို့ရဲ့ ဟန်ချက်ညီ ကစားနိုင်မူဟာ စပါးအသင်းကို ပိုကောင်းတဲ့အသင်း ဖြစ်စေတယ်လို့ နည်းပြဟောင်းက ဆိုပါတယ်။ စပါးအသင်းပိုင်ရှင်သစ် ဂျိုးလ်လီဝစ်စ်ဟာ အသင်းအတွက် ငွေကြေးသုံးစွဲနိုင်ပြီး ၂၀၁၉ မှာ ပရိသတ် ၆၁၀၀၀ ဆံ့ကွင်းသစ်မှာ လက်ခံကစားရမှာဖြစ်တာကြောင့် စပါးအသင်းအနေနဲ့ ချန်ပီယံဆုရနိုင်တယ်လို့ ရက်ဒ်နက်ကပြောပါတယ်။ အသက် ၆၉ နှစ်ရှိ အင်္ဂလန်နည်းပြ ဟယ်ရီရက်ဒ်နက်ဟာ တောင် ပိုင်းလိဂ်ကလပ်ဝန်ဘွန်အသင်းမှာ ဒါရိုက်တာတစ်ဦး အနေနဲ့ တာဝန်ယူနေသူဖြစ်ပြီး စပါးအပါအ၀င် ပရီးမီးယားလိဂ်ကလပ် ၇ သင်းကို နည်းပြချုပ်အဖြစ်ကိုင် တွယ်ခဲ့သူပါ။ ဟယ်ရီရက်ဒ်နက်ဟာ စပါးနည်းပြ အဖြစ် တာဝန်ယူတုန်းက ၂၀၁၁ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
4 years Ago
Up