ဟက်ကာအဖွဲ့

A d v e r t i s e m e n t With Us

November 16, 2015

အိုင်အက်စ်ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ရှင်းလင်းမည်ဟု ဟက်ကာအဖွဲ့ စစ်ကြေညာ

ဟက်ကာအဖွဲ့ Anonymous က အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်အဖွဲ့ကို “တွေ့ရာသင်္ချိုင်း ဓားမဆိုင်း” ရှာဖွေရှင်းလင်းသွားမယ်လို့ စစ်ကြေညာလိုက်ပါတယ်။ Anonymous အဖွဲ့ရဲ့ ယူကျုဝက်ဆိုက်ပေါ် တင်ခဲ့တဲ့ ကြေညာချက် ဗွီဒီယိုမှာ ပါရီတိုက်ခိုက်မှု စီစဉ်တဲ့အဖွဲ့ကို တိုက်ခိုက်ဖို့ တကမ္ဘာလုံးမှာတဲ့ Anonymous ဟက်ကာတွေက အကြီးဆုံး စစ်ဆင်ရေးကို ပြုလုပ်သွားမယ်ဆိုပြီး ပြောခဲ့တာပါ။ တကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့ ဟက်ကာတွေ၊ နည်းပညာရှင်တွေ၊ ဥပဒေသမားတွေ ကွန်ရက်ထဲမှာ ပါဝင်တဲ့ Annonymous အဖွဲ့ဟာ အရင်တခါ ပဲရစ်မြို့က ချာလီဟတ်ဒို ကာတွန်းသတင်းစာတိုက် အကြမ်းဖက် တိုက်ခိုက်ခံရတုန်းကလည်း အကြမ်းဖက်သမားတွေကို ပြင်းပြင်ထန်ထန် သတိပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အကြမ်းဖက်သမားတွေရဲ့ အင်တာနက်ပေါ် သတင်းနဲ့ ငွေကြေးစီးဆင်းရာမှာ အသုံးပြုတဲ့ လူမှုကွန်ရက် အကောင့်တွေနဲ့ ၀က်ဆိုက် စာမျက်နှာတွေကို ဟက်ကာတွေက ထုတ်ဖော်တိုက်ခိုက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နိုဝင်ဘာ ၁၃ ရက် သောကြာနေ့ ညပိုင်းက နေရာအနည်းဆုံး ၆ ခုမှာ အကြမ်းဖက်သမားတွေရဲ့ တပြိုင်တည်း ပစ်ခတ်မှုနဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် လူ ၁၅၀ ကျော် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
5 years Ago
Up