အာဖဂန် ဟက်ကာနီ စစ်သွေးကြွကွန်ရက် တည်ထောင်သူ ဂျာလာလူဒင် ဟက်ကာနီဟာ ကာလရှည် နာမကျန်း ဖြစ်ပြီးနောက် ကွယ်လွန်သွားတယ်လို့ တာလီဘန်အဖွဲ့က စက်တင်ဘာ ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဟက်ကာနီဟာ သြဇာအကြီးမားဆုံးနဲ့ ကြောက်စရာအကောင်းဆုံး အာဖဂန် သောင်းကျန်းသူအဖွဲ့တွေထဲက တဖွဲ့ ဖြစ်ပါတယ်။
ခေါင်းဆောင် ဟက်ကာနီဟာ ၁၉၇၀ ဝန်းကျင်က ဟက်ကာနီကွန်ရက်ကို တည်ထောင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းက သူဟာ သားဖြစ်သူ ဆီရာဂျူဒင် ဟက်ဟာနီကို တာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။
ဟက်ကာနီဟာ ဆိုဗီယက်တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ အမေရိကန် ကျောထောက်နောက်ခံပြု ပြောက်ကျားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ တာလီဘန်အဖွဲ့နဲ့ ပူးပေါင်းပြီး အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago