ဟက်ကာ

November 9, 2018

စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ၏ ဖေ့စ်ဘွတ်ခ်အကောင့် ဟက်သူကို ဖော်ထုတ်အရေးယူမည်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က အဟက်ခံရပြီး ပရိုဖိုင်းပုံကို အမျိုးသမီးငယ်တဦးရဲ့ ပုံတင်သွားတဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောပါတယ်။ "အခုတော့ အကောင့်ကို ပိတ်လိုက်ပါပြီ။ ပိတ်ပြီးတော့ ဘယ်သူလုပ်တာလဲ ဆိုတာကတော့ စုံစမ်းရမှာပေါ့။ ဒါဟာ တယောက်ယောက်ကတော့ ရည်ရွယ်ချက်နဲ့လုပ်တာလို့ ယူဆပါတယ်။" ဟက်ကာကို ဖော်ထုတ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပြီး ဖော်ထုတ်ပေးနိုင်ပါက တရားဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ရုံး ဦးစီးအရာရှိ ဦးထက်ဦးမောင်က ပြောပါတယ်။ အခုနှစ်ထဲမှာ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်အမတ် ဦးဝင်းရွှေနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တချို့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေ အဟက်ခံရပြီး ငွေချေးတာ၊ ဖုန်းဘေလ်ဖြည့်ခိုင်းတာအပြင် ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် ကိစ္စတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ တိုင်းအစိုးရ အဖွဲ့ဝင်တွေဆီက သိရပါတယ်။ မင်းရဲစစ်နိုင်
4 years Ago

May 18, 2017

မိုဘိုင်းနက်ဝါ့ခ်သည် ဟက်ကာများ၏ နောက်ပစ်မှတ်ဖြစ်လာကြောင်း ပညာရှင်များ သတိပေး

မိုဘိုင်းနက်ဝါ့ခ်ဟာ ဟက်ကာတွေရဲ့ နောက်ပစ်မှတ်ဖြစ်လာကြောင်း ပညာရှင်ေတွက သတိပေး ပြောကြားလိုက်ပါတယ်။ WannaCry ဆိုက်ဘာတိုက်ခိုက်မှုဟာ နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာပေါင်း ၃ သိန်းကျော်မှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာလည်း ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ဖူဒန်းတက္ကသိုလ်က တွဲဘက်ပါမောက္ခ လင်းလီက WannaCry နဲ့ပတ်သက်လို့ ဝှက်စာဖော်ပမာဏဟာ ၄၀၉၆ ဘစ်ရှိကြောင်း၊ သာမန်ကွန်ပျူတာနဲ့ ဝှက်စာဖော်ဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ WannaCry ကြောင့် IP ပေါင်း ၂၉,၀၀၀ တိုက်ခိုက်ခံရပြီး ကော်ပိုရေးရှင်းတွေနဲ့ တက္ကသိုလ်တွေဟာ အဆိုးဝါးဆုံး တိုက်ခိုက်ခံခဲ့ရပါတယ်။ WannaCry တိုက်ခိုက်ခံရပါက ကိုယ့်ရဲ့ဖိုင်တွေကို ပြန်ရဖို့ ငွေပေးရပြီး ရွေးချယ်ခွင့် ကန့်သတ်ထားတယ်လို့ အမေရိကန်လုံခြုံရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခုအခါမှာ WannaCry ဗိုင်းရပ်စ် ပျံ့နှံ့မှု သိသိသာသာ လျော့ကျသွားပေမယ့် မိုဘိုင်းအင်တာနက်တွေကို ပိုမိုဂရုစိုက်သင့်တယ်လို့ ပညာရှင်တွေက ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago
More News
Up