သရုပ်ပြ (ရုပ်သံ)

September 17, 2017

မတော်တဆမှုကြောင့် ခြေထောက်ဖြတ်ခဲ့ရသည့် မော်ဒယ် ဖက်ရှင်ရှိုးပွဲတွင် သရုပ်ပြ (ရုပ်သံ)

အယ်လ်တန်တာဝါ ပြိုကျမှုအတွင်း ခြေထောက်ပြတ်သွားတဲ့ မော်ဒယ် ဗစ်ကီဘယ်လ်ခ်ျက လန်ဒန်ရဲ့ဖက်ရှင်ဝိ့က်ရှိုးပွဲမှာ သရုပ်ပြလမ်းလျှောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် လန်ဒန်မြို့ သိမ်းပန်းခြံအတွင်းဖြစ်ခဲ့တဲ့ ထိတ်လန့်စရာ မတော်တဆမှုအတွင်း  ခြေထောက်ပြတ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် မော်ဒယ်က အခြား မသန်စွမ်းတဲ့ မော်ဒယ်တွေနဲ့အတူ Teatum Jones အမှတ်တံဆိပ် အဝတ်အစားကုမ္ပဏီအတွက် သရုပ်ပြလမ်းလျှောက်ခဲ့တာပါ။ စက်တင်ဘာလ ၁၅ ရက်နေ့က ဖက်ရှင်ပွဲကို ဒီဇိုင်နာတော်တော်များများက မသန်စွမ်းတဲ့ မော်ဒယ်တွေကိုသုံးပြီး ရှိုးပွဲလျှောက်ခိုင်းကာ အပြောင်းအလဲလုပ်ထားတယ်လို့ ဆိုပါတယ်။ ဒီပွဲမှာ လန်ဒန်အခြေစိုက် အဝတ်အစားအမှတ်တံဆိပ်ဒီဇိုင်းဖြစ်တဲ့ Catherine Teatum and Rob Jones တံဆိပ် ရေညှိရောင်ဂါဝန်ကို ဝတ်ပြီး မော်ဒယ် ဗစ်ကီက ပွဲလာပရိသတ်တွေရဲ့ စိတ်ဝင်တစားလက်ခုပ်သံတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ အချို့နိုင်ငံတကာ သတင်းဌာန တော်တော်များများက ဗစ်ကီအမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပဲ သူမရဲ့ပုံကို သုံးပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် မသန်စွမ်းမော်ဒယ်တွေအတွက် Zebedee မော်ဒယ်အေဂျင်စီက သူမကို လူတွေ သတိပြုမိအောင် ရှိုးပွဲမှာ သုံးခဲ့တာလို့ မေရာသတင်းဌာနက ဆိုပါတယ်။ ဗစ်ကီက “လန်ဒန် ဖက်ရှင်ဝိ့ခ်မှာ Teatum Jones တံဆိပ်အတွက် ရှိုးပွဲလျှောက်ပေးရမယ်ဆိုတော့ ယုံတောင် မယုံနိုင်ဘူး” လို့ စိတ်လှုပ်ရှားစွာ သူမရဲ့တွီတာ စာမျက်နှာပေါ်မှာလည်း ရေးခဲ့ကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။ အခုအပတ်အစောပိုင်းတုန်းကလည်း ဘီဘီစီအတွက် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရင်း ဗစ်ကီက နောက်ထပ် “သေဖို့နီးစပ်တဲ့” အတွေ့အကြုံတခုလည်း တွေ့ကြုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့လမ်းပေါ်မှာ သူမမောင်းတဲ့ကားက ဘရိတ်အုပ်လို့ မရဘဲ ကားကို လမ်းရဲ့ဘေးဘက် အန္တရာယ်ကြီးစွာ ကွေ့ပြီး ရပ်ခဲ့ရတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up