သရုပ်ဆောင်

April 4, 2019

ပိတောက်နဲ့အလှချင်းပြိုင်နေတဲ့ သရုပ်ဆောင်ခြူးလေးရဲ့ သင်္ကြန်ဖက်ရှင်(ဓာတ်ပုံ)

တီဗွီရုပ်သံဇာတ်လမ်းတွဲတွေမှာ လူသိများနေတဲ့ သရုပ်ဆောင်မင်းသမီး ခြူးလေးရဲ့ သင်္ကြန်အလှဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တဆင့် မျှဝေထားပါတယ်။ လှပတဲ့ ထက်အောက်ဆင်တူ အ၀ါရောင်တောက်တောက် မြန်မာဝတ်စုံနဲ့ လှပတဲ့ ပုံရိပ်တွေထဲမှာတော့ ပိတောက်ပန်းတွေနဲ့ အလှချင်းပြိုင်နေတဲ့ ဟန်ပန်အမူအရာတွေနဲ့ တမူထူးခြားစွာ တွေ့မြင်ကြရမှာပါ။ ဒီဓာတ်ပုံတွေကိုတော့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းရဲ့ မျက်နှာဖုံးအတွက် ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံ Minko MK က ရိုက်ကူးပေးထားတာပါ။ ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ ခြူးလေးက  “နှစ်သစ်မှာ ချစ်ရတဲ့ ဝီဝီလေးများ ...."လိုတရ" ဆု ကို ပိုင်ဆိုင်နိုင်ကြပါစေလို့”လို့ ဆုတောင်းစကားပြောကြားထားပါတယ်။ ခြူးလေးဟာ MRTV-4 က ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး မနှစ်က ရုံတင်ပြသခဲ့တဲ့ မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်ကားနဲ့ ပရိသတ် သတိပြုမိခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။ Credit- Chue Chue ရုပ်ရှင်တေးကဗျာ Magazine Cover MUA - Yuzana Tun Photo - MinKo MK Stylelist - Lwin Khant Maung
3 years Ago

March 9, 2019

အမေရိကန် သရုပ်ဆောင် ဂျက်စီ စမောလက်ကို ပြစ်မှု ၁၆ ခုဖြင့် စွဲချက်တင်

အမေရိကန် သရုပ်ဆောင် ဂျက်စီ စမောလက်ကို ပြစ်မှု ၁၆ ခုနဲ့  ဂျူရီအဖွဲ့က မတ် ၈ ရက်နေ့မှာ စွဲချက်ပြန်တင်ခဲ့ပါတယ်။ စမောလက်က သူဟာ တိုက်ခိုက်ခံရတယ်ဆိုပြီး ရဲကို လိမ်လည် ထွက်ဆိုခဲ့တယ်လို့ တရားရုံးအထောက်အထားတွေက ဆိုပါတယ်။ Fox ရုပ်သံရဲ့   "Empire" ဒရမ်မာ ဇာတ်ကား သရုပ်ဆောင် စမောလက်ဟာ ပြီးခဲ့တဲ့လက ပြစ်မှုတခုနဲ့ စွဲချက်တင်ခံရပါတယ်။ သူဟာ သမ္မတထရမ့် ထောက်ခံသူတွေရဲ့ တိုက်ခိုက်တာခံရတယ်ဆိုပြီး ရဲကို လိမ်လည်ခဲ့ တာပါ။ ကနဦးစွဲချက်တုန်းက စမောလက်ဟာ ညီအစ်ကို နှစ်ဦးကို ဒေါ်လာ ၃,၅၀၀၀ ပေးပြီး သူ့ကို ဟန်ဆောင်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ ရှီကာဂိုရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီ ကနဦးစွဲချက်အတွက် သူဟာ ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ နှစ်ပတ်က  အာမခံငွေ ဒေါ်လာ ၁ သိန်းနဲ့ ပြန်လွတ်ခဲ့ပါတယ်။ မတ် ၇ ရက်နေ့မှာတော့ ဂျူရီအဖွဲ့က စမောလက်ကို လိမ်လည်ထွက်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး  ပြစ်မှု ၁၆ မှု နဲ့ စွဲချက်ပြန်တင်ခဲ့ပါတယ်။
3 years Ago
More News
Up