သန္တာကျောက်တန်းကြီးများ အရောင်ကျွတ်နေမှု ရိုက်ကူးထားသည့် ရုပ်သံ ဖြန်ချိ

February 25, 2017

သန္တာကျောက်တန်းကြီးများ အရောင်ကျွတ်နေမှု ရိုက်ကူးထားသည့် ရုပ်သံ ဖြန်ချိ

သြစတြေးလျနိုင်ငံက သန္တာကျောက်တန်းကြီး အရောင်ကျွတ်နေတာကို ရေငုပ်သမားတွေ ဓာတ်ပုံရုံက်ကူးထားတဲ့ ပုံတွေကို သြစတြေးလျ ပင်လယ်စောင့်ရှောက်ရေးအဖွဲ့က ဖြန့်ချိ လိုက်ပါတယ်။ ရေအပူချိန် သိပ်နွေးလာချိန်မှာ သန္တာကောင်တွေက သက်ရှိ ရေညှိတွေကို မောင်းထုတ်အပြီး ထုံးဓာတ်ဖွဲ့စည်းမှုကြောင့် သန္တာကျောက်တန်းတွေ ဖြူဖွေးလာခဲ့တာပါ။ သာမန်လောက်ပဲ အရောင်ကျွတ်ခဲ့ရင် တကယ်လို့ အပူချိန် ပြန်လျော့ကျရင် သန္တာကောင်တွေ ပြန်ရှင်သန် ကျန်းမာလာနိုင်ပါတယ်။ ဒါပေမယ့် အရောင်ကျွတ်တာ သိပ်များရင် သန္တာကောင်တွေ သေဆုံးနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ အယ်လ်နီနို ရာသီဥတု သက်ရောက်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာတွင်း  အီကွေတာ ရပ်ဝန်းမှာ ပင်လယ်တွေ အပူချိန် တိုးလာတယ်လို့ အစီရင် ခံထားပါတယ်။ အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထု စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်တဲ့ ဂြိုဟ်တုသုံး အပူချိန် တိုင်းတာရေး မြေပုံအရ ရေမျက်နှာပြင်က သိပ်နွေးလွန်းနေလို့ လာမယ့် သီတင်းပတ်တွေ အတွင်း သန္တာကျောက်တန်းတွေ အများအပြား အရောင်ကျွတ်ကြလိမ့်မယ်လို့ ဆိုပါတယ်။ ပင်လယ်ရေမျက်နှာပြင် ပြန်အေးအောင် ကူညီမယ့် လာနီညာ ရာသီဥတု လတ်တလော ရှိနေပေမယ့် အရှိန်ကျန်ပြီး ဆက်ဖြစ်နေမယ်လို့ ဆိုပါတယ်။ The Great Barrier Reef သန္တာကျောက်တန်းဟာ သြစတြေးလျ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းနားမှာ ရှိပြီး မိုင်ပေါင်း ၁၄၃၀ ရှည်လျားပါတယ်။ ကမ္ဘာ့အကြီးဆုံး သက်ရှိ ဂေဟစနစ် လည်းဖြစ်ပါတယ်။
4 years Ago
Up