သင်္ကြန်အကြိုနေ့

A d v e r t i s e m e n t With Us

April 14, 2019

သင်္ကြန်အကြိုနေ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၅၀ ခန့်လာရောက်

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က  ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေထဲမှာ  ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာက အများဆုံးဖြစ်တယ်လို့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောပါတယ်။ သင်္ကြန်အကြိုနေ့ကနေ အကျနေ့ မနက် ၆ နာရီအထိ လူနာ အယောက် ၁၅၀ နီးပါး အရေးပေါ်ကုသဌာနကိုရောက်ရှိလာပြီး အသက်ဆုံးရှုံးတာမရှိဘဲ လက်ရှိမှာ အဲအထဲက အရေးပေါ်မှာ ဆေးရုံတက် ကုသနေရတဲ့လူနာ အယောက် ၄၀ ရှိတယ်လို့ ပြောပါတယ်။ အရင်နှစ်တွေကတော့ ဆိုင်ကယ်မတော်တဆ ထိခိုက်မှုကြောင့် ဆေးရုံကို ရောက်လာသူများ တယ်လို့ ဆိုပါတယ်။
2 years Ago

April 13, 2018

မြိတ်သင်္ကြန်အကြိုနေ့ ရေပက်ခံထွက်သူများဖြင့် စည်ကား

ဒီကနေ့ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူ သင်္ကြန်အကြိုနေ့မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အတွင်း ရေပက်ခံထွက်သူတွေ၊ ရေကစားကြသူတွေနဲ့ စည်းကားနေပါတယ်။ မြိတ်မြို့မှာ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဒီကနေ့ သင်္ကြန်အကြိုနေ့ ဖြစ်ပေမယ့် မြို့ခံတွေအများစုက ရေခံထွက်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ အခြားယောဉ်တွေနဲ့ မဏ္ဍပ်တွေကို ရေပက်ခံထွက်သူတွေ များပြားနေပါတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ပိုပြီး ပျော်စရာကောင်းနိုင်တယ်လို့ ရေပက်ခံထွက်သူတွေက ပြောကြားပါတယ်။ မြိတ်မြို့နယ်မှာ သင်္ကြန်ကာလတွင် မြိတ်ကမ်းနားလမ်း၊ ကန်ဖျားမြေနီလမ်း၊ ဦးမြတ်လေးပန်းခြံရှိ မြိတ်ခရိုင် ဗဟိုရ်မဏ္ဍပ်၊ ရှမ်းချောင်းလမ်းမကြီး၊ ထားဝယ်စုရပ်ကွက်နဲ့ မြိတ်တောင်နယ်မြေ စတဲ့ ရပ်ကွက်တွေမှာ ရေကစားသူတွေ အများဆုံးဖြစ်ပြီး၊ စည်းကားဆုံး နေရာတွေလည်း ဖြစ်ပါတယ်။ အခုနှစ် မြိတ်မြို့သင်္ကြန်မှာ ဌာနဆိုင်ရာ မဏ္ဍပ်တွေနဲ့ အခကြေးငွေပေး မဏ္ဍပ် စုပေါင်း ၁၀ ကျော်နဲ့ မိသားစု ရေကစား မဏ္ဍပ်အသေးတွေ ရာနဲ့ချီ ရှိကြောင်း သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော် (မြိတ်)  
3 years Ago
More News
Up