သင်္ကြန်အကြတ်နေ့

April 15, 2018

ကဒုံကနိကမ်းခြေ သင်္ကြန်အကြတ်နေ့ ရေကစားနေပုံ (ရုပ်သံ)

ဘိုကလေးမြို့နယ် ကဒုံကနိကမ်းခြေမှာ သင်္ကြန်အကြတ်နေ့ ရေကစားနေပုံ မြင်ကွင်းတွေ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ သင်္ကြန်ရက်အတွင်း မိုးသက်လေပြင်းကျလို့ ဆိုင်ခန်းတွေ ပျက်စီးခဲ့ပြီး လာရောက် အပန်းဖြေသူ မရှိသလောက် နည်းခဲ့ပါတယ်။ အခုနှစ်သင်္ကြန်အကြတ်နေ့မှာတော့ လာရောက် အပန်းဖြေကြသူတွေ ပြန်လည်များလာတယ်လို့  ဈေးရောင်းချသူတွေက ပြောပါတယ်။ ရိုက်ကူး - စိုးမိုးအောင်
3 years Ago

စစ်တွေမြို့ သင်္ကြန်အကြတ်နေ့ မြင်ကွင်း

ဒီကနေ့ ရခိုင်ပြည်နယ်စစ်တွေမြို့ သင်္ကြန်အကြတ်နေ့ မြင်ကွင်းတွေဖြစ်ကြပါတယ်။ သတင်း- ဓာတ်ပုံ- ဝဏ္ဏခွာညို  
3 years Ago

April 16, 2017

သင်္ကြန်အကြတ်နေ့ အင်္ဂပူမြို့နယ်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံး

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တွင်းက ကညင်ဆည်ရေပိုလွှဲ ဆည်မြောင်းအတွင်း ရေဆင်းကူးရာမှ လူငယ်တဦး ရေနစ်သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ နေ့လယ် ၃ နာရီ ၂၅ မိနစ်လောက်က မြန်အောင်မြို့နယ် ကညင်ငူရွာမနေ ထက်ကိုဦး အသက် ၂၀ ဟာ ရေဆင်းကူးရက ရေနစ်ဆေးဆုံးသွားတာ ဖြစ်ပါတယ်။ သေဆုံးသူကို မဲဇလီကုန်း ရဲစခန်းက သေမှု သေခင်းအမှုအရ ခွဲစိတ်ဆေးစစ်ဆေးခဲ့တယ်လို့  မဲဇလီကုန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးမြင့်အောင်က ဒီဗွီဘီကိုပြောပါတယ်။ "ဟုတ်ပါတယ်။ ဆရာဝန်ရဲ့ဆေးစစ်ချက်အရ ခွဲစိတ်ရာမှာ အဆုပ်က ရေထွက်လာတယ်၊ သာမန်ရေနစ်သေဆုံးတာ ဖြစ်ပါတယ်။ ခုရဲလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။"
4 years Ago
Up