သင်္ကြန်ကာလအတွင်း

April 19, 2017

သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးတရားခံပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိ

အခုနှစ် သင်္ကြန်ကာလအတွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု မနှစ်ကထပ်ပိုများလာပြီး  မူးယစ် ဆေးဝါး တရားခံပေါင်း ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ၂၀၁၇ ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ မူယစ်ဆေးဝါး အမှုပေါင်း ၇၀ နဲ့ တရားခံ အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိမှုတွေထဲမှာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၄၀၄၀၇ပြား၊ အိုက်စ် ၉ ကီလိုကျော်၊ ဘိန်း ပမာဏ ၆ ဒသမ ၆၀၃ ကီလို၊ ဘိန်းဖြူ ၀ ဒသမ ၀၄၄၉ ကီလို၊ ဘိန်းစာမှုန့် ၇ ဒသမ ၃၇၀၀၀၊ ဆေးခြောက် ၀ ဒသမ ၂၄၂၄၆ ကီလိုစသဖြင့်ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ သင်္ကြန်ကာလတုန်းကတော့ မူးယစ်ဆေးဝါးအမှုပေါင်း ၅၄ မှုနဲ့ တရားခံပေါင်း ၇၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၇ မဟာသင်္ကြန်ကာလ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာ နိုင်ငံတ၀န်း သေဆုံးသူ စုစုပေါင်း ၂၈၅ ဦးရှိပြီး ဒဏ်ရာရသူပေါင်းကတော့ ၁၀၇၃ ဦးရှိတယ်လို့လည်း ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။
4 years Ago

April 12, 2017

သင်္ကြန်ကာလအတွင်း ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ကျင်းပပြုလုပ်မည်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ ၁၀ သိန်းကျပ်နဲ့  ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သက်ကြီးပူဇော်တာ၊ ပရိတ်တရားတော် နာကြားတာနဲ့ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲတွေကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းတဲ့အနေနဲ့ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောပါတယ်။ ရမ္မာဝတီ ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တသင်းကို ပြိုင်ပွဲဝင် ၁၀ ဦး ပါဝင်မှာဖြစ်ကာ ပထမဆုအဖြစ် ငွေကျပ် ၆ သောင်း၊ ဒုတိယဆုအဖြစ် ငွေကျပ် ၅ သောင်း၊ တတိယဆုအဖြစ် ငွေကျပ် ၄ သောင်းနဲ့ နှစ်သိမ့်ဆုအဖြစ် ငွေကျပ် ၃ သောင်းစီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး
4 years Ago
Up