သျှားထွဋ် အိန္ဒြာ

January 11, 2019

ကန်သမ္မတနှင့် မယ်စကြာဝဠာမြန်မာအလှမယ် သျှားထွဋ် အိန္ဒြာ တို့တွဲရိုက်ထားသည့် ဓာတ်ပုံများ

မယ်စကြာဝဠာအလှမယ် သျှားထွဋ်အိန္ဒြာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်နဲ့ အမှတ်တရ တွဲရိုက်ကူးထားတဲ့ အလှဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။ ဒီပုံတွေကိုတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် မိုင်ယာမီကမ်းခြေမြို့မှာ ရိုက်ကူး ထားခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးလုံးဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ ရှိနေခဲ့ကြတာကို ဓာတ်ပုံတွေထဲမှာ တွေ့ကြ ရမှာပါ။ အလှမယ် သျှားထွဋ်အိန္ဒြာကတော့ အနီရောင် ၀တ်စုံနဲ့အတူ မြန်မာနိုင်ငံကိုယ်စား ပြုစလွယ်ကို ၀တ်ဆင်ထားခဲ့ပြီး ဒေါ်နယ်ထရမ့်ကတော့ အဖြူရောင်ဝတ်စုံနဲ့ အနီရောင် ဦးထုပ်ကို ဆောင်းထားခဲ့တာပါ။ ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ အလှမယ်က “အိုင့်ကို အထင်မသေးပါနဲ့လို့ အိုင် မပြောခဲ့ဘူးလား 🤩 Throwback with Mr.Donald Trump at Doral,Miami #2014 #MissUniverse #MissUniverseMyanmar” လို့ ရေးထားခဲ့ပြီး ပရိသတ်တွေအတွက် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် သျှားထွဋ်အိန္ဒြာဟာ ၂၀၁၄ ခုနှစ်ရဲ့ မြန်မာနိုင်ငံကိုယ်စား ပြု မယ်စကြာဝဠာအလှမယ်တဦးဖြစ်ကာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြာဝ ဠာပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်ပါတယ်။
2 years Ago
Up