သွေးသစ္စာ

March 5, 2021

ပြည်သူ့ကြွေးကြော်သံ၊ Orchestra တီးဝိုင်း ဗားရှင်းအသစ်ဖြင့် ထွက်ရှိလာသည့် သွေးသစ္စာ သီချင်း (ရုပ်သံ)

“အရေးကြီးပြီ ညီနောင်အပေါင်းတို့… သွေးစည်းကာ ညီစေညီကြစို့… ငါတို့ရဲ့ သ မိုင်းတခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည်… သွေး သစ္စာလည်း ပြုခဲ့ပြီ… အရေးကြီးပြီ ညီ နောင်အပေါင်းတို့… သွေးစည်းကာ ညီစေညီကြစို့… ငါတို့ရဲ့ သမိုင်း တခေတ်ကို ငါတို့ သွေးနဲ့ ရေးခဲ့သည်… သွေး သစ္စာလည်း ပြုခဲ့ပြီ”

ဒါကတော့ တေးရေး ထူးအိမ်သင် ရေးဖွဲ့ပြီး မွန်းအောင် သီဆိုထားတဲ့ သွေးသစ္စာ လို့ သိကြတဲ့ စိတ်ခွန်အားပေး တော်လှန်ရေးသီချင်းတပုဒ်ထဲက တေးသွားစာသားတွေပဲ ဖြစ်ပါတယ်။

ဒီသီချင်းကို လတ်တလောမှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ အ တွင်း မြန်မာနိုင်ငံတဝန်း နေရာလပ်မကျန် ကြားနေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

“နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ… သေပါစေ ခွပ်ဒေါင်းသွေး ဟေ့ ရဲရဲရှေ့ကိုချီ… နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ… သေပါစေ ခွပ် ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ… လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်… အဆုံးသတ် တိုက်ပွဲ ငါတို့နွှဲရမည်”

ခုတခါမှာတော့ ဒီသီချင်းကို သံစုံ Orchestra တီးဝိုင်း ဗားရှင်းအသစ်နဲ့ ဖန်တီးထား ခဲ့ပြီး ပြည်သူတွေရဲ့ ကြွေးကြော်သံတွေနဲ့အတူ စိတ်အားတက်ကြွဖွယ် တင်ဆက်ထားခဲ့ ကာ ဂီတပညာရှင် ထက်အာကာရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ တာကို တွေ့ရပါတယ်။

 မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလ သမဂ္ဂလူ့အခွင့်အရေးရုံးကလည်း သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာတင် နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ် အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီး တော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ထဲမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် ကြောင့် ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု တလတာရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသ မားတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါ တယ်။

တော်လှန်ရေးကာလတလျှောက် သွေးထွက်သံယိုအဖြစ် အများဆုံးနေ့လို့ ပြောရ မယ့် မတ် ၃ ရက်နေ့ တရက်ထဲမှာတင် ၃၈ ယောက်သေဆုံးခဲ့ပြီး စစ်အာဏာ စသိမ်း ကတည်းကဆိုရင် ပြည်သူအယောက် ၅၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိထားခဲ့ကြကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က ပြောထားပါတယ်။

2 years Ago
Up