သွေးလွန်တုပ်ကွေး

September 5, 2021

အိန္ဒိယတွင် သွေးလွန်တုပ်ကွေးနှင့်အဖျားရောဂါကြောင့် လူ ၅၀ ခန့် သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း Firozabad-ဖှီရိုဇာဘဒ်ခရိုင်မှာ သွေးလွန်တုပ်ကွေးနဲ့ တခြား အဖျားရောဂါတွေကြောင့် အနည်းဆုံးလူ ၅၀ ခန့် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက စက်တင်ဘာ ၃ ရက် မှာ ပြောပါတယ်။ 

အဲဒီဒေသဟာ ကလေးငယ်တွေမှာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေအပြင် ဗိုင်းရပ်စ်ကြောင့် ဖျားနာကြတာတွေလည်း ဖြစ်နေတာပါ။ 

မနေ့ကညနေပိုင်းအထိ လူငါးဆယ် သေဆုံးတာမှာ အဲဒီအထဲက တချို့က သွေးလွန်တုပ်ကွေးရောဂါကြောင့်လို့ အတည်ပြုခံရပြီး တချို့ကတော့ အဖျားကြောင့်ဖြစ်တယ်လို့ ဖှီရိုဇာဘဒ် ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဒေါက်တာ Dinesh Kumar Premi ကပြောပါတယ်။

များပြားလာတဲ့ လူနာတွေကို နေရာချပေးဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဆေးကောလိပ်က မီးဖိုချောင်ခန်းတွေနဲ့ ပစ္စည်းသိုလှောင်ခန်းတွေမှာပါ ခုတင်အပိုတွေ ပြင်ဆင်ထားရပါတယ်။ 

ဝေဒနာရှင်အများစုဟာ အသက်ရှင်ကြပေမယ့် ဗိုင်းရပ်စ်ကြောင့် နှစ်စဉ် လူနာ ၂ သောင်းလောက် သေဆုံးတယ်လို့ ခန့်မှန်းရပြီး အများစုဟာ ကလေးတွေဖြစ်ကြပါတယ်။

2 months Ago

May 7, 2021

ရေးမြို့နယ်၌ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မိုးရာသီကာလရောက်လာတာနဲ့အမျှ သွေးလွန်တုပ်ကွေးရောဂါတွေ  စတင်ဖြစ်ပေါ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို ရာသီဥတု ပူရာကနေ မိုးရွာသွန်းပြီး တဖန်ပြန်အေးလိုက် ဖြစ်တာကြောင့် သွေးလွန် တုပ်ကွေးခြင်တွေကနေ တဆင့် စတင် ရောဂါ ဖြစ်ပွားလာပြီးတော့ ရာသီသွေးလွန်တုပ်ကွေးရောဂါ ၁၀ နှစ်အောက် ကလေးတွေမှာ ပိုမိုဖြစ်များလာတာတွေ့ရတယ်လို့ ဒေသခံဆရာဝန်တဦးက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ   ကလေးတွေမှာအဖြစ်များလာပေမဲ့ မြို့ပေါ် ဆေးပေးဆေးခန်းတွေနဲ့ နယ်ကျေးရွာဘက်ဆေးခန်းတွေမှာ ဆရာဝန်တွေ မရှိတာကြောင့် ဆေးခန်းပြဖို့ အခက်ခဲတွေရှိကြတယ်လို့  ဒေသခံ တွေက ပြောပါတယ်။

 စစ်ကောင်စီကို အာဏာဖီဆန်တဲ့အနေနဲ့  ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အစ CDM မှာ ပါဝင်နေကြတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်းထမ်းတချို့ကတော့   စစ်ကောင်စီရဲ့ ဖမ်းဆီးအရေးယူမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

6 months Ago
More News
Up