သွေးရောဂါရှင်

A d v e r t i s e m e n t With Us

April 6, 2020

ပါကစ္စတန်တွင် သွေးလှူရှင် မလုံလောက်သဖြင့် သွေးရောဂါရှင်များ အသက်ဘေး ရင်ဆိုင်နေရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကန့်သတ်ချက်တွေအောက်မှာ သွေးလှူရှင် မလုံလောက်တာကြောင့် ပါကစ္စတန်နိုင်ငံက ထောင်နဲ့ချီတဲ့ thalassemia သွေးရောဂါရှင်တွေဟာ အသက်ဘေးကို ရင်ဆိုင်နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း ၁ လကို သွေး ၄ ပုလင်းစီ လိုအပ်နေတဲ့ thalassemia လူနာ အယောက် ၁ သိန်းကျော် ရှိတယ်လို့ ဂျမီလာဆူလ်တာနာဖောင်ဒေးရှင်းက ပြောပါတယ်။ နိုင်ငံတလွှားက သွေးဘဏ်အများစုမှာ ကျောင်းသားတွေက ပင်တိုင်အလှူရှင်ပါ။ ဒါပေမဲ့ ပညာရေးဆိုင်ရာဌာနတွေ ပိတ်ထားလို့ သွေးလှူစခန်းတွေ မကျင်းပနိုင်တဲ့အတွက် သွေးပုလင်းတွေ ဆိုးဆိုးရွားရွား ပြတ်လပ်ခဲ့ပါတယ်။ တကယ်လို့ ပြည်လုံးကျွတ် အသွားအလာ ကန့်သတ်ချက် ပိုကြာခဲ့ရင် လူနာတွေကို သွေးသွင်းဖို့ မဖြစ်နိုင်တော့မှာကို သွေးဘဏ်တွေ၊ သွေးကင်ဆာနဲ့ သွေးရောဂါရှင်တွေကို ကုသပေးနေတဲ့ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။ Thalassemia ရောဂါဟာ မျိုးရိုးလိုက်တဲ့ ဟေမိုဂလိုဘင် ပုံမမှန်တဲ့ ရောဂါပါ။ ပုံမမှန်မှုကြောင့် သွေးနီဥတွေ အလွန်အကျွံ ပျက်စီးပြီး အနီးမီးယား သွေးအားနည်းရောဂါကို ဖြစ်စေပါတယ်။ စတန်းမ်ဆဲလ် အစားထိုးကုသနည်းဟာ thalassemia ရောဂါကို ကုသနိုင်တဲ့ တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူနာနည်းနည်းသာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Stem cell အလှူရှင်ကို ရှာတွေ့နိုင်ပြီး ကုသမှုဟာလည်း ဘေးအန္တရာယ် များပါတယ်။
11 months Ago
Up