သွေးမအေး

April 25, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးတဲ့ ပုသိမ်ညသပိတ်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးတဲ့ ညသပိတ်အား ဧပြီလ ၂၄ ရက်ညက ပြုလုပ်ခဲ့ပါတယ်။ 

ပုသိမ်မြို့မှာ အကြမ်းဖက်အဖွဲ့ လုံခြုံရေး တင်းကျပ်နေတဲ့ကြားမှာ လူငယ်တချို့က မြို့ထဲမှာ ပြောက်ကျား သပိတ်များပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ညကလည်း ရပ်ကွက်တချို့မှာ လူငယ်တွေက အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံကြောင်း သပိတ်ပြုတွေ ပြုလုပ်ခဲ့ပါတယ်။

8 months Ago

April 23, 2021

စစ်အာဏာရှင်တော်လှန်ရေးအတွက် သွေးမအေးတဲ့ ရန်ကုန်

ဧပြီ ၂၃ ရက်နေ့က ရန်ကုန်သားတွေ လမ်းပေါ်ပြန်တက်လာပြီး ဆူးလေမှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ “ဘာတွေလဲ၊ ရန်ကုန်သားတွေ”  အမည်စာတမ်းကိုဆွဲကိုင်ပြီး မြို့နယ်အသီးသီးမှ ဆန္ဒပြလူငယ်တွေက ပူးပေါင်းအားဖြည့်ခဲ့ကြပါတယ်။

Photo - Htet Paing / MPA

8 months Ago
Up