သွေးမတိတ် ဆေးသပိတ်

April 14, 2021

ပုသိမ်မြို့တွင် သင်္ကြန်ပွဲကျင်းပခြင်းမပြုဘဲ သွေးမတိတ် ဆေးသပိတ်ပြုလုပ်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်ပိုင်းမှာ သွေးမတိတ်တဲ့ ဆေးသပိတ်ကိုပြုလုပ်ကာ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း စာတွေရေးသားတာ၊ လမ်းမကြီးတွေပေါ် ဆေးနီတွေ ပက်ဖျန်းကာ သွေးမတိတ်တဲ့ ဆေးသပိတ်ကို လုပ်ဆောင်ခဲ့ကြတာပါ။

အကြမ်းဖက်စစ်ကောင်စီက ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ တောင်ပေါ်မှာ သင်္ကြန်ပွဲတော်ကို ပြုလုပ်နေပေမဲ့ ပုသိမ်မြို့တွင်းမှာတော့ ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားရတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုသောအားဖြင့် မဟာသင်္ကြန်ပွဲတော်ကို ကျင်းပခြင်းမရှိပါဘူး။

8 months Ago
Up