သွားလာခွင့်ပြု

October 16, 2020

ဟောင်ကောင်နှင့်စင်ကာပူ ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးပြီး သွားလာခွင့်ပြုမည်

ဟောင်ကောင်နဲ့ စင်ကာပူအကြား ကွာရန်တင်း အတားအဆီးကို ဖယ်ရှားကာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးပြီး သွားလာခွင့် ပြုတော့မယ်လို့ အောက်တိုဘာလ ၁၅ ရက်မှာ  ကြေညာလိုက်ပါတယ်။  ဒီအစီအစဉ်အရ ခရီးသွားတွေဟာ ကိုဗစ်နိုင်တင်း ပိုးမရှိသူတွေဖြစ်ဖို့လိုပြီး သတ်မှတ်ထားတဲ့ လေကြောင်းခရီးနဲ့ သွားလာရမယ်လို့ ဟောင်ကောင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။  အဲဒီအစီအစဉ် စတင်မယ့် နေ့ရက်အပါအဝင် အသေးစိတ်အစီအစဉ်ကို လာမယ့် သီတင်းပတ်တွေမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ မတ်လကစပြီး  ဟောင်ကောင် ဒေသခံ မဟုတ်သူတွေကို ဝင်ရောက်ခွင့် တားမြစ်ခဲ့ပြီးနောက် ခရီးသွားလာမှုကို ပထမဆုံးပြန် စတာလည်းဖြစ်ပါတယ်။  အလားတူ ဒီသီတင်းပတ်မှာပဲ စင်ကာပူကလည်း  ဟောင်ကောင်ကလာတဲ့ ခရီးသွားတွေအတွက် ကွာရန်တင်းကာလကို ၁၄ ရက်ကနေ ၇ ရက်အထိ ဖြေလျှော့ပေးပြီး ဟောင်ကောင်ကို အန္တရာယ်နည်းနေရာ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။  ဟောင်ကောင်ရဲ့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်အရေအတွက်ဟာ သြဂုတ်လ နောက်ပိုင်းမှာ ဆယ်ဂဏန်းအောက် ကျဆင်းနေသလို စင်ကာပူဟာလည်း အလားတူ အခြေအနေမှာ ရှိတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။  
11 months Ago
Up