အိမ်နီးချင်းနိုင်ငံတွေက ကူးစက်ကပ်ဘေး တိုက်ဖျက်ရေးအသွားအလာ ကန့်သတ်ထားဆဲ အချိန်မှာ ဗီယက်နမ်ကတော့ ကန့်သတ်ချက်တွေကို စတင်ပယ်ဖျက်တော့မယ်လို့ ကြေညာခဲ့ ပါတယ်။
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းက လမ်းတွေဟာ ဧပြီ ၂၄ ရက်ထိ ငြိမ်သက်နေဆဲပါ။
ဗီယက်နမ်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို ဇန်နဝါရီလမှာ စတင်တွေ့ရှိအပြီး ခုထိ ကူးစက်ခံအယောက် ၃၀၀ အောက်မှာ ရှိပြီး သေဆုံးသူ တယောက်မှ မရှိခဲ့ပါဘူး။
ဗီယက်နမ်က ဘယ်ပြည်နယ်မှာမှ ကူးစက်ကပ်ဘေးဒဏ် ပြင်းပြင်းထန်ထန် သင့်ခဲ့တာ မရှိဘူးလို့ ဝန်ကြီး ဝင့်စွမ်းပူးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
နိုင်ငံတွင်းက မရှိမဖြစ် မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ပိတ်ထားဆဲပါ။
ဗီယင်နမ်ဟာ မချမ်းသာတဲ့ နိုင်ငံဖြစ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးမှာ တောင်ကိုရီးယား နဲ့ ထိုင်ဝမ်တို့လိုပဲ အောင်မြင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြ ပါတယ်။
ဗီယက်နမ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် မရှိတာ သီတင်းပတ် တပတ်နီးပါး ရှိနေပါပြီ။
ဗီယက်နမ်ဟာ ထောင်သောင်းချီတဲ့ လူတွေကို အကြီးအကျယ် ရောဂါ ခြေချုပ်ချတာ၊ ထိတွေ့မိသူတွေကို ခြေရာကောက် အသွားအလာ ကန့်သတ်တာနဲ့ အုပ်စုငယ်တွေကို အောင်အောင် မြင်မြင် ထိန်းချုပ်ပြီး ရောဂါပိုး စမ်းသပ်စစ်ဆေးတာတွေကို တပြိုင်တည်း လုပ်ခဲ့တာပါ။
ဗီယက်နမ်ဟာ ခုချိန်ထိတော့ ကိုဗင်းနိုင်တင်း ဗိုင်းရပ်စ်ကူးစက်ခံတွေကို စမ်းသပ်တဲ့ နေရာ မှာ ကမ္ဘာပေါ်မှာ စမ်းသပ်မှုအများဆုံး လုပ်ခဲ့တဲ့ နိုင်ငံဖြစ်နေဆဲလို့ အစိုးရ သတင်းအချက် အလက်တွေကို အကဲဖြတ်နေတဲ့ Our World in Data အင်တာနက် စာမျက်နှာက ဧပြီ ၂၂ ရက်မှာ ရေးသားထားပါတယ်။
10 months Ago