သွားလာကန့်သတ်ကာလ

A d v e r t i s e m e n t With Us

April 24, 2020

ဖိလစ်ပိုင်တွင်သွားလာကန့်သတ်ကာလ မေလ ၁၅ အထိ ထပ်တိုး

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ မြို့တော်မနီလာအတွင်း အသွားအလာ ကန့်သတ်မှု လော့ဒေါင်း ချထားတဲ့ကာလကို မေလ ၁၅ ရက်ထိ သက်တမ်းတိုးလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး ကမ္ဘာ့အတင်းကြပ်ဆုံး အသွားအလာ ကန့်သတ်ချက်တခုဖြစ် သီတင်းပတ် ရှစ်ပတ်ထိ သတ်မှတ်ချထားတာလည်း ဖြစ်ပါတယ်။  “ကူးစက်မှုများတဲ့ တခြားဒေသတွေမှာပါ ဒီလုပ်ဆောင်ချက်ကို တိုးလုပ်မယ်။ဒါပေမယ့် ကူးစက်နှုန်း နှေးတဲ့ နယ်မြေတွေမှာ ပြန်သုံးသပ် ပြင်ဆင်မယ်။ အလုပ်တွေ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ တစိတ်တပိုင်း ပြန်စမယ်လို့” သမ္မတက ပြောပါတယ်။ အားလုံးမှာ ဘေးအန္တရာယ်တော့ရှိနေပေမယ့် ကပ်ဘေးသင့်နိုင်မှု တိုးမလာဘူးလို့လည်း သမ္မတ  ဒူတာတေးက ပြောပါတယ်။ လူဦးရေ ၁၃ သန်းထက်မနည်းတဲ့အပြင် တရားမဝင် အခြေချနေထိုင်သူ သန်းချီပြီး အတူ နေထိုင်တဲ့ လူနေသိပ်သည်းတဲ့ မနီလာမြို့တော်မှာ ကိုရိုနာကူးစက်ခံ စုစုပေါင်းရဲ့ ၃ပုံ ၂ပုံ ကျော် ရှိနေတာပါ။  ဖိလစ်ပိုင်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံ ၆၉၈၁ ယောက်ရှိပြီး ကူးစက်ခံ ၄၆၂ယောက် သေဆုံး ခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။  
10 months Ago
Up