သွားရောက်

July 24, 2020

လက်ဘနွန်သို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ၂ ကြာ သွားရောက်

ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ဆိုက်နေတဲ့ လက်ဘနွန် နိုင်ငံကို ဇူလိုင် ၂၂ ရက်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး  ယန်းရိုင်ဗယ်လီယွန်  ၂ ရက်ကြာ  ခရီး သွားရောက်ခဲ့ပါတယ်။  ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ  လက်ဘနွန်ဝန်ကြီးချုပ်  ဟက်ဆန်ဒီယက်၊လွှတ်တော် ဥက္ကဋ္ဌ နက်ဘင်းဘီလီတို့နဲ့တွေ့ဆုံပြီးနောက်မှာ လက်ဘနွန်သမ္မတ မစ်ရှယ်လုံနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ဟာ လက်ဘနွန်အစိုးရကို သတ်မှတ်ကာလ ကျော်လွန် နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့နဲ့ ဒေသတွင်းပဋိပက္ခတွေမှာ မပါဝင်ဖို့  ဖိအားပေးဖို့ ရည်ရွယ် တယ်လို့ အယ်လ်ဂျားဇီးယားသတင်းက ရေးသားပါတယ်။  အဲဒီနှစ်ခုစလုံးက နိုင်ငံတကာအကူအညီ ရစေမယ့် အဓိက သော့ချက် ဖြစ်ပါတယ်။ လက်ဘနွန်ငွေကြေးတန်ဖိုး အဆမတန် ကျဆင်းပြီး ငွေကြေးဖောင်းပွမှု အလွန်အမင်း မြင့်တက်တာကြောင့်  လက်ဘနွန်လူဦးရေ တစ်ဝက်နီးပါး ဆင်းရဲတွင်း ရောက်နေတယ်လို့ Gulf Today သတင်းမှာ ဖော်ပြထားပါတယ်။  
10 months Ago

July 3, 2020

အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့ ပဋိပက္ခဖြစ်ခဲ့သည့် ဟိမဝန္တာမြောက်ပိုင်းသို့  ဝန်ကြီးချုပ်မိုဒီ သွားရောက် 

အိန္ဒိယဝန်ကြီးချုပ်  နာရန်ဒြာမိုဒီဟာ    အိန္ဒိယနဲ့တရုတ် တပ်ဖွဲ့ဝင်တွေ   ပဋိပက္ခဖြစ်ခဲ့တဲ့  ဟိမဝန္တာ မြောက်ပိုင်း လာဒက်ဒေသကို ဇူလိုင်လ ၃  ရက်က ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီပဋိပက္ခမှာ အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးပြီး ၇၆ ယောက်ထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။ တရုတ်တပ်ဖွဲ့ဝင်တွေ ကျူးကျော်တယ်လို့ အိန္ဒိယက ယူဆထားတဲ့ ဒီပဋိပက္ခအပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး   ဝန်ကြီးချုပ် မိုဒီဟာ   ဝေဖန်ခံနေရပါတယ်။ အိန္ဒိယ-တရုတ် နယ်စပ် လာဒက်ဒေသကို သွားရောက်ရာမှာ    ဝန်ကြီးချုပ်  မိုဒီနဲ့အတူ  ကာကွယ်ရေးဦးစီးချုပ်နဲ့  ကြည်းတပ်ဦးစီးချုပ်တို့  အတူလိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လာဒက်ဒေသရောက်လာတဲ့  ဝန်ကြီးချုပ် မိုဒီဟာ  နီမူအရပ်က အိန္ဒိယတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ ၁၅ ရက် ဂေါ်ဝမ်တောင်ကြားမှာ  ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့  အိန္ဒိယနဲ့ တရုတ် နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်ဖို့ကြပါတယ်။ နျူးကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့တရုတ် အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်တလျှောက် နှစ်နိုင်ငံ တပ်တွေကို ချထားပြီး ပဋိပက္ခ အရှိန်လျော့ရေးအတွက် စစ်ရေးနဲ့ သံတမန်ဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်နေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago
More News
Up