သွားဆရာဝန်

April 7, 2021

ပူတာအိုတွင် သွားဆရာ၀န်တစ်ဦးအား အာဏာသိမ်းစစ်ကောင်စီက ဖမ်း‌ဆီး

ကချင်ပြည်နယ်အတွင်း ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်က သွားဆရာ၀န်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ၅:၃၀ အချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး သွားဆရာ၀န်အနေနဲ့ CDM မှာပါဝင်သူတွေကို သူ့ဆေးခန်းမှာ အခမဲ့ ဆေးကုပေးမည်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတာကြောင့် အဖမ်းခံရတာဖြစ်တယ်လို့ ပူတာအိုဒေသခံ‌တွေက ဆိုပါတယ်။

ပူတာအိုမြို့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးအမှုဖွင့်ခံရသူ ကို‌ဆိုင်းလင်းအောင်လည်း ဒီနေ့ထိ မလွတ်လာသေးဘူးလို့ သိရပါတယ်။

1 month Ago
Up