ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ဒိုင်နမိုကိဗ်ကို ၃ ဂိုးပြတ်အနိုင်ရပြီး ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝ ၇၅၀ မြောက်သွင်းဂိုးကို ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက်အဖွင့်ဂိုးကို ချီဆာက ပွဲချိန် ၂၁ မိနစ်မှာသွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ မိုရာတာက ပွဲချိန် ၆၆ မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။
အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုတော့ ရော်နယ်ဒိုက ပွဲချိန် ၅၇ မိနစ်မှာ သွင်းယူခဲ့ တာဖြစ်ပြီး ဒီဂိုးဟာ ရော်နယ်ဒိုရဲ့ ဒီရာသီဂျူဗင်တပ်စ်အသင်းအတွက် ၁၀ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဒုတိယမြောက် ချန်ပီယံလိဂ်ဂိုးပါ။
ဒါဟာပေါ်တူဂီတိုက်စစ်မှူးအတွက် ဂျူဗင်တပ်စ်အသင်းအတွက် ၇၅ ဂိုးမြောက်ဂိုးလည်း ဖြစ်ပြီး ဂိုး ၁၀၀ ပြည့်ဖို့နီးကပ်လာတာဖြစ်ပါတယ်။ သူဟာမကြာသေးခင်ကလည်း နိုင်ငံအသင်းအတွက် ဂိုး ၁၀၀ ပြည့်ခဲ့ပြီးဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်ကစတင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝဟာ ဂိုး စုစုပေါင်း ၁၀၂ ဂိုး ရရှိထားပြီဖြစ်ပြီး သူဟာ နိုင်ငံအသင်းအတွက်ဂိုး သွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်က ရော်နယ်ဒိုဟာ ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ ဂိုးပေါင်း ၄၅၀ သွင်းယူခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိကစားနေဆဲကစားသမားတွေထဲကမှ သွင်းဂိုး ၅၀၀ ကျော်လွန်တဲ့ ကလေးသမား ၄ ဦးထဲက ၁ ဦးဖြစ်ပြီး သူနဲ့အတူ မက်ဆီ၊ အီဗရာဟီမိုဗစ်နဲ့ လီဝန်ဒေါစကီးတို့ ရှိနေပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို ဒိုင်နမိုကိဗ်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ၁၃ နှစ်နဲ့ ၂၅ ရက်အကြာမှာ ထပ်မံ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါ တယ်။
ဒါဟာ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ကစားသမား တစ်ဦးက ပြိုင်ဘက်တစ်သင်းကို ဂိုးသွင်းယူနိုင်တဲ့ အကြီးမားဆုံးအချိန်ကွာဟချက်လည်း ဖြစ်ပါတယ်။
4 months Ago