သွင်းဂိုးနည်း

November 27, 2020

အာဆင်နယ်အသင်း သွင်းဂိုးနည်းပါးမှု ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေဟု အူဘာမီယန်း ပြော

အာဆင်နယ်အသင်းရဲ့ အကြီးမားဆုံးပြဿနာက သွင်းဂိုးနည်းပါးနေတာလို့ တိုက်စစ်မှူး အူဘာမီယန်းက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ အမှတ်ပေးဇယားအောက်ဆုံးက ၄ သင်းပြီးပါက သွင်းဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။  ၉ ပွဲကစားအပြီးမှာ ၉ ဂိုးပဲသွင်းယူထားပြီး ဖူဟမ်နဲ့ ၉ ဂိုးစီ တူညီနေသလို ဘန်လေ၊ ဝက်စ်ဘရွန်း၊ ရှက်ဖီး ယူနိုက်တက်ပြီးပါက သွင်းဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။  လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲက သွင်းဂိုးနည်းပါးနေတာဖြစ်ပြီး နည်းပြနဲ့ တခြားကစားသမားတွေအားလုံးက ဒီအားနည်းချက်ကို ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ အူဘာမီယန်းကပြောပါတယ်။  ရလဒ်မကောင်းသေးပေမယ့် လာမယ့်အနာဂတ်ကာလတွေအတွင်းမှာ ကမ္ဘာက အံ့အားသင့်လောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း အူဘာမီယန်းကပြောပါတယ်။  အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂိုး ၆၀ သွင်းခဲ့ပေမယ့် အသင်းဖော်တွေရဲ့ ဂိုးသွင်းနူန်းက အားနည်းနေဆဲဖြစ်ပါတယ်။ 
5 months Ago
Up