သွင်းကုန်ခွန်

November 10, 2019

သွင်းကုန်ခွန် ပယ်ဖျက်မည့်သတင်းမမှန်ဟု သမ္မတထရမ့်ပြော

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆွေးနွေးပွဲ အဆင်ပြေတယ်လို့ ဆိုပေမယ့် သွင်းကုန်ခွန်တွေကို အဆင့်လိုက် ပယ်ဖျက်မယ့်သတင်းဟာ မမှန်ကန်ဘူးလို့ သမ္မတထရမ့်က   နိုဝင်ဘာ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား အဆင့်-၁ ကုန်သွယ်ရေး သဘောတူညီချက်ရရှိပါက အပြန်အလှန် သွင်းကုန်ခွန်တွေကို တပြိုင်နက် ပယ်ဖျက်မယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။  ဒါပေမဲ့ မှန်ကန်တဲ့ သွင်းကုန်ခွန် ပယ်ဖျက်ရေး  အဆင့်ကိုလည်း ထရမ့်က ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ အလားတူ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန်ခွန်တွေကို တပြိုင်နက်  ပယ်ဖျက်မယ်ဆိုတဲ့ အချိန်ကာလကိုတော့ မပြောခဲ့ပါဘူး။  တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ကြား ဒီလထဲမှာ  သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်တယ်လို့ ပြောပေမယ့် လက်မှတ်ရေးထိုးမယ့်နေရာကို မသတ်မှတ်ရသေးဘူးလို့ တရုတ်ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
2 years Ago

November 8, 2019

စည်းကြပ်ထားသည့် သွင်းကုန်ခွန်များ အဆင့်လိုက်ပယ်ဖျက်ရန် တရုတ်-မေရိကန် သဘောတူ

တရုတ်နဲ့အမေရိကန်အကြား လချီကြာမြင့်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း စည်းကြပ်ထားတဲ့ သွင်းကုန်ခွန်တွေကို အဆင့်လိုက် ပယ်ဖျက်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တယ်လို့    တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။    ကုန်သွယ်ရေးသဘောတူညီချက် အဆင့် ၁ ရရှိတာနဲ့ နှစ်နိုင်ငံစလုံးက အပြန်အလှန် သွင်းကုန်ခွန် စည်းကြပ်တာတွေကို  တပြိုင်နက် ပယ်ဖျက်သွားမယ်လို့ ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောင်းဖန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သွင်းကုန်ခွန် အပြန်အလှန် ပယ်ဖျက်မယ့် အချိန်ကာလကို ကောင်းဖန်းက မပြောပေမယ့်    ကုန်သွယ်ရေးစစ်ပွဲဟာ သွင်းကုန်ခွန်နဲ့အတူ စတင်ခဲ့ပြီး သွင်းကုန်ခွန် ပယ်ဖျက်တာနဲ့အတူ  အဆုံး သတ်သွားမယ်လို့ သူက ပြောခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ဒီလထဲမှာ  ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ပေမယ့် နေရာကို မသတ်မှတ်ရသေးပါဘူး။   အဲဒီအတွက် တွေ့ဆုံမယ့် နေရာအများအပြားကို အကြံပြုထားပြီး တနေရာကတော့   နေတိုးထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း တွေ့ဆုံနိုင်တဲ့ လန်ဒန်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့အမေရိကန် သမ္မတနှစ်ဦး တွေ့ဆုံမယ့်နေရာနဲ့ အချိန်ကို ကောင်းဖန်းက ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ 
2 years Ago
Up