သွားရောက်တွေ့ဆုံ

June 14, 2017

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ကို ပြန်လည်ရောက်ရှိ၊ နာယကဦးတင်ဦးကို သွားရောက်တွေ့ဆုံ

ကနေဒါနိုင်ငံနဲ့ ဆွီဒင်နိုင်ငံတွေကို တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီကနေ့ မြန်မာနိုင်ငံမှာ ပြန်လည်ရောက်ရှိနေပါတယ်။ ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့ Arlanda လေဆိပ်ကနေ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ရာ ဒီကနေ့မနက် ၉ နာရီလောက်က  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်လေဆိပ်ကို ထိုင်းလေကြောင်းခရီးစဉ်နဲ့ ပြန်လည်ရောက်ရှိလာတာလို့  နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေကို ဒီကနေ့  သွားရောက်ကြည့်ရှူအားပေးခဲ့ပါတယ်။
4 years Ago
Up