ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ ကြင်ယာဖက်လောင်း မီဂန်မာကယ်တို့ဟာ ဝေလနယ်၊ ကားဒစ်ဖှ်မြို့က စတားဟတ်ဘ် လူထုအခြေပြုစင်တာကို ဇန်န၀ါရီ ၁၈ ရက်မှာ သွားရောက်ခဲ့ကြပါတယ်။
တော်ဝင် ဇနီးမောင်နှံ့ဟာ စင်တာမှာရှိတဲ့ စထရိဂိမ်းစ် လူမှုစေတနာအဖွဲ့မှာ ပါဝင်တဲ့ လူငယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ လူမှုရေး၊ ပညာရေးချို့တဲ့လူငယ်တွေ ပါဝင်နိုင်တဲ့ အားကစား လှုပ်ရှားမှုတွေကို စီစဉ်ပေးနေပြီး မင်းသားဟယ်ရီလည်း အရင်တုန်းက ပါဝင်ဆောင်ရွက်ဖူးပါတယ်။
ဟယ်ရီနဲ့ မီဂန်တို့ဟာ တရားဝင်စေ့စပ် ကြောင်းလမ်းပြီးကြောင်း နိုဝင်ဘာလမှာ ကြေညာခဲ့တာပါ။ အဲဒီကတည်း လူထုရှေ့ အတူတွဲထွက်တာ အခုတကြိမ်က ၃ ခါမြောက်ဖြစ်ပါတယ်။
စေ့စပ်တဲ့ သတင်းထွက်ပြီးကတည်းက သူတို့စုံတွဲဟာ လူစိတ်ဝင်စားခံနေရတာဖြစ်ပြီး ဝေလနယ်ကို သွားတုန်းကလည်း ရာနဲ့ချီတဲ့လူတွေက သူတို့ကို ကြိုဆိုနှုတ်ဆက်ခဲ့ ကြပါတယ်။
5 years Ago