သွားခံတွင်းသန့်ရှင်းပေးတာကို မျက်လုံးမှိတ် ဇိမ်ခံနေသည့် ချစ်စရာ့ရေမြင်းကြီး (ရုပ်သံ)

A d v e r t i s e m e n t With Us

April 18, 2016

သွားခံတွင်းသန့်ရှင်းပေးတာကို မျက်လုံးမှိတ် ဇိမ်ခံနေသည့် ချစ်စရာ့ရေမြင်းကြီး (ရုပ်သံ)

ကျနော်တို့ လူတွေတင် မနက်ခင်းသွားတိုက်ဖို့ လိုအပ်တာမဟုတ်ပါဘူး။ ရေ မြင်းတွေဟာလည်း သွားတိုက်ဖို့ လိုအပ်တယ်ဆိုတာကို မက်ထရိုသတင်းမှာ ဖော်ပြ တဲ့ရုပ်သံဗွီဒီယိုဖိုင်မှာ သင်တို့ တွေ့မြင်ရပါလိမ့်မယ်။ တိရစ္ဆာန်ဥယျာဉ်ထဲက ရေမြင်းကြီးကို ရေချိုးခန်းထဲခေါ်သွားမယ့်အစား သူ့ကို ၀န်ထမ်းတဦးက သွားတိုက်ပေးခဲ့ပြီး သန့်ရှင်းရေးလုပ်ပေးခဲ့တာပါ။ ရုပ်သံဖိုင်ထဲမှာ ရေမြင်းကြီးဟာ ၀န်ထမ်းက သွားတွေကို သွားပွတ်တံနဲ့ တိုက်ပေးနေတာကို အသာတကြည်နဲ့ ပါးစပ်ကြီးဟပေးထားပြီး မျက်လုံးမှိတ်ဇိမ်ခံနေတာကို တွေ့ရမှာပါ။ ဒါဟာ သူ့ကို မနက်ခင်းသွားတိုက်ပေးတဲ့ အလေ့အကျင့်တခုဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ သွားခံတွင်းသန့်ရှင်းမှုလုပ်ပြီးချိန်မှာတော့ ၀န်ထမ်းအမျိုးသားက အဲဒီရေမြင်းကြီး ရဲ့ပါးစပ်ထဲကို ငှက်ပျောသီးနဲ့ ဖရဲသီးတွေပစ်ထည့်ပေးခဲ့ကာ စားသောက်ခဲ့တာကို  ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ချစ်စဖွယ် တွေ့မြင်ရပါတယ်။
5 years Ago
Up