သြစတြေးလျ က

September 20, 2019

သြစတြေးလျ ကားလမ်းပေါ်တွင် မိကျောင်းအုပ်ကြောင့် ယာဉ်ကြောပိတ်ဆို့ (ရုပ်သံ)

သြစတြေးလျနိုင်ငံမြောက်ပိုင်း ကာဟီးလ်လမ်းဆုံမှာ မိကျောင်းတအုပ်လမ်းကို ပိတ်ထားလို့ ကားတွေသွားမရဘဲ ယာဉ်ကြော ရပ်ခဲ့ပါတယ်။  လမ်းလယ်ခေါင်က မိကျောင်းအုပ်ကို လမ်းပေးဖို့ ကားတစီးက ကားကို ရပ်ပြီး ရှောင်မောင်းခဲ့ရပုံရုပ်သံကို ကင်ဘာလေအဝေးပြေးလမ်း စွန့်စားသွားလာမှုဆိုင်ရာ ခရီးသွား လုပ်ငန်းက အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။  စက်တင်ဘာ ၁၅ ရက်က လမ်းပေါ်မှာ ရေငန်မိကျောင်း အကောင် ၃၀ ကျော်က လမ်းပိတ်ထားခဲ့တယ်လို့ ခရီးသွားလုပ်ငန်းက ပြောပါတယ်။  ဒါကြောင့် ကားက ၂ မိနစ်နီးပါး ရပ်စောင့်ပြီးမှ ဆက်မောင်းနိုင်ခဲ့တယ် ယာဉ်အသွားအလာ များတဲ့အချိန်မို့ ကားတွေ နည်းနည်း ဒုက္ခရောက်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။  ကာဟီးလ် လမ်းဆုံဟာ သြစတြေးလျနိုင်ငံတွင်း အန္တရာယ်အရှိဆုံး လမ်းတွေထဲက တလမ်းအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။  ပတ်ဝန်းကျင်ရေပြင်မှာ ရေငန်မိကျောင်းတွေ အများအပြား ကျက်စားပြီး ရေတက်ရေကျော်တာတွေလည်း ဖြစ်လေ့ရှိပါတယ်။ =================== ၾသစေၾတးလ် ကားလမ္းေပၚတြင္ မိေက်ာင္းအုပ္ေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔ (႐ုပ္သံ) DVB ၾသစေၾတးလ်ႏိုင္ငံေျမာက္ပိုင္း ကာဟီးလ္လမ္းဆုံမွာ မိေက်ာင္းတအုပ္လမ္းကို ပိတ္ထားလို႔ ကားေတြသြားမရဘဲ ယာဥ္ေၾကာ ရပ္ခဲ့ပါတယ္။ လမ္းလယ္ေခါင္က မိေက်ာင္းအုပ္ကို လမ္းေပးဖို႔ ကားတစီးက ကားကို ရပ္ၿပီး ေရွာင္ေမာင္းခဲ့ရပုံ႐ုပ္သံကို ကင္ဘာေလအေဝးေျပးလမ္း စြန႔္စားသြားလာမႈဆိုင္ရာ ခရီးသြား လုပ္ငန္းက အြန္လိုင္းေပၚ တင္ခဲ့ပါတယ္။ စက္တင္ဘာ ၁၅ ရက္က လမ္းေပၚမွာ ေရငန္မိေက်ာင္း အေကာင္ ၃၀ ေက်ာ္က လမ္းပိတ္ထားခဲ့တယ္လို႔ ခရီးသြားလုပ္ငန္းက ေျပာပါတယ္။ ဒါေၾကာင့္ ကားက ၂ မိနစ္နီးပါး ရပ္ေစာင့္ၿပီးမွ ဆက္ေမာင္းႏိုင္ခဲ့တယ္ ယာဥ္အသြားအလာ မ်ားတဲ့အခ်ိန္မို႔ ကားေတြ နည္းနည္း ဒုကၡေရာက္ခဲ့တယ္လို႔လည္း ဆက္ေျပာပါတယ္။ ကာဟီးလ္ လမ္းဆုံဟာ ၾသစေၾတးလ်ႏိုင္ငံတြင္း အႏၲရာယ္အရွိဆုံး လမ္းေတြထဲက တလမ္းအျဖစ္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားပါတယ္။ ပတ္ဝန္းက်င္ေရျပင္မွာ ေရငန္မိေက်ာင္းေတြ အမ်ားအျပား က်က္စားၿပီး ေရတက္ေရေက်ာ္တာေတြလည္း ျဖစ္ေလ့ရွိပါတယ္။
2 years Ago
Up