သြစတြေးလျရေတပ်

A d v e r t i s e m e n t With Us

January 3, 2020

တောမီးသင့်ပြည်သူများကို သြစတြေးလျရေတပ် ဘေးလွတ်ရာ ပို့ဆောင်

တောမီးသင့် သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို    သြစတြေးလျရေတပ်က ဇန်နဝါရီ ၃ ရက်နေ့မှာ စတင်ဘေးလွတ်ရာပြောင်းပေးနေပါတယ်။   ရေတပ်သင်္ဘော ဂျိုးလ်စ်နဲ့ ဆစ်ဂါမောတို့ဟာ သီးခြားတည်ရှိနေတဲ့ မယ်လာကူတာမြို့ ကမ်းခြေမှာ  သောင်တင်နေတဲ့ လူ ၄ ထောင်ထဲက ၁ ထောင်နီးပါးကို ဘေးလွတ်ရာ ပို့ဆောင်နေတာပါ။  မော်တော်ကားလမ်းတွေ အကုန်လုံးပိတ်ဆို့နေတာမို့ တောမီးသင့်မြို့တွေက  ပြည်သူတွေကို ပင်လယ်ရေကြောင်း နဲ့ လေကြောင်းကနေပဲ ကယ်ထုတ်နိုင်ပြီး ရေကြောင်း ခရီးစဉ်ဟာ အချိန် တရက်ကျော် ကြာမြင့်ပါတယ်။ ဒါ့အပြင် ဗစ်တိုးရီးယားပြည်နယ်ကို ဘေးအန္တရာယ်ကျရောက်ရာဒေသအဖြစ် ပထမဆုံးအကြိမ်  ကြေညာလိုက်ပြီ ဖြစ်ပါတယ်။  ဇန်နဝါရီ ၂ ရက်က တောမီးသင့်ဒေသတွေကို သွားရောက်ကြည့်ရှုတဲ့ ဝန်ကြီးချုပ် စကော့မော ရစ်ဆင်ဟာလည်း ဒေသခံတွေ ပြင်းပြင်းထန်ထန် ဝေဖန်တာကို ကြုံတွေ့ခဲ့ရပါတယ်။     နယူးဆောက်ဝေးပြည်နယ် ကိုဘာဂိုမြို့ ဒေသခံတဦးက “အကူအညီပေးရေးအဖွဲ့ကို  ရန်ပုံငွေ ထပ်ပေးမလားဆိုပြီး ဝန်ကြီးချုပ်ကို လက်ဆွဲ နှုတ်ဆက်တာပဲ” လို့  ဝန်ကြီးချုပ် မောရစ်ဆင်ကို ပြောခဲ့ပါတယ်။   ဝန်ကြီးချုပ်မောရစ်ဆင်အစိုးရဟာ ရာသီဥတုပြောင်းလဲမှု နဲ့ ပတ်သက်လို့ လုံလုံလောက်လောက် မလုပ်ဆောင်ဘူးဆိုပြီး အချိန်အတော်ကြာကြာ ဝေဖန်ခံနေရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
Up