သြစတြေးလျနိုင်ငံ

January 10, 2023

သြစတြေးလျနိုင်ငံအနောက်မြောက်ပိုင်းတွင် ရေကြီးမှု ကပ်ဘေးကြုံနေရ

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာ နှစ်ပေါင်း ၁၀၀ အတွင်း တကြိမ်လို့ ပြောရလောက်အောင် လက်ရှိ ရေကြီးနေတဲ့ ကပ်ဘေးကြောင့် လူရာပေါင်းများစွာကို နေရပ်ကနေ ကယ်ဆယ်ခဲ့ရတယ်လို့ ဇန်နဝါရီ ၈ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။ 

အနောက်သြစတြေးလျပြည်နယ်က ကင်မ်ဘာလေဒေသမှာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟောင်း အယ်လ်လီရဲ့ ပြင်းထန်တဲ့ ရာသီဥတု စနစ်ကြောင့် ပြီးခဲ့တဲ့အပတ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ရာကနေ အခုလိုရေကြီးမှု ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပါ။ 

“တချို့နေရာတွေမှာဆိုရင် ရေတွေက မျက်စိတဆုံးပဲ၊ ဒီသက်ရောက်မှုတွေက ပုံစံမျိုးစုံနဲ့ အများကြီးဖြစ်နိုင်ပေမယ့် အခုလက်ရှိမြေပြင်မှာရှိနေတဲ့ ရေအတိုင်းအတာကို ကြည့်တာနဲ့တင် ဒါဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိနိုင်ပါတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးကော်မရှင်နာ မင်းကြီး ဒဲရန်း ကလမ်းမ်က ပြောခဲ့ပါတယ်။ 

လူဦးရေ ၁၃၀၀ ဝန်းကျင်ရှိတဲ့ ဖစ်ဇ်ရွိုင်း ခရော့စ်ဆင်းမြို့လေးဟာ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ နေရာတွေထဲက တခုပါ။

အဲဒီမြို့မှာ လမ်းတွေပေါ် ရေကြီးနေတာကြောင့် အကူအညီအထောက် အပံ့တွေကို လေကြောင်း က တဆင့် ပို့ဆောင်ပေးခဲ့ရပါတယ်။ 

3 weeks Ago

January 24, 2020

သြစတြေးလျတောမီး ငြှိမ်းသတ်သည့်လေယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး

ကနေဒါနိုင်ငံပိုင်တဲ့ C-130 Hercules လောင်စာဆီတင် လေယာဉ်ဟာ သြစတြေးလျနိုင်ငံ အယ်လ်ပိုင်းဒေသက တောမီးကို ငြှိမ်းသတ်နေချိန် ဇန်နဝါရီ ၂၃ ရက်မှာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါတဲ့ လူ ၃ ယောက်စလုံး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  သေဆုံးသူ ၃ ယောက်လုံးဟာ အမေရိကန်မှာ နေထိုင်သူတွေလို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်ဟာ ဘာကြောင့် ပျက်ကျတယ်ဆိုတာ မသိရသေးပါဘူး။ ဒီလေယာဉ် ပျက်ကျမှုကြောင့် သြစတြေးလျမီးဘေးမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက် ထိတိုးလာခဲ့ပါတယ်။   လေယာဉ်ဟာ မြို့တော်ကင်ဘာရာရဲ့တောင်ဘက် နှင်းထူတဲ့ မိုနာရိုဒေသကနေ ပျံလာခဲ့ တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကြာသပတေးနေ့မှာ ဒေသတွင်း အပူချိန်မြင့်တက်နေလို့ မြို့တော်ကင်ဘာရာမှာ မီးလောင်ရာ လေပင့် ဖြစ်ခဲ့ပြီး လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။
3 years Ago
More News
Up