သြစတြေးလျတောမီ

December 7, 2020

ယမန်နှစ် သြစတြေးလျတောမီးကြောင့် ဝက်ဝံကောင်ရေ ၆ သောင်း ကျော် သေဆုံးဒဏ်ရာရ

သြစတြေးလျနိုင်ငံမှာ ကျန်ခဲ့တဲ့ နွေရာသီ တောမီးလောင်မှုအတွင်း ကိုအာလာ ဝက်ဝံ ကောင်ရေ ၆ သောင်းကျော် သေဆုံးဒဏ်ရာရသလို တောပြောင်း ထွက်ပြေးခဲ့ရတယ်လို့ ကမ္ဘာ့ သားရိုင်းရန်ပုံငွေအဖွဲ့ (WWF)က ဒီဇင်ဘာ ၇ ရက်မှာ ခန့်မှန်းပြောဆိုလိုက်ပါတယ်။  နဂိုက ဒုက္ခရောက်နေပြီးသား သက်ရှိ မျိုးစိတ်တရပ်အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်စရာ ကောင်းတဲ့ အရေအတွက်ပဲလို့လည်း ပြောပါတယ်။  မနှစ်က နွေရာသီတောမီးအတွင်း လူ ၃၃ ဦး သေဆုံးပြီး သစ်တောမြေဧက ၅၉ သန်း ပျက်စီးခဲ့လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က အနက်ရောင် နွေရာသီလို့ နာမည်ပေးခဲ့ပါတယ်။  တောမီးလောင်တဲ့ လမ်းတလျှောက်မှာ ဒေသခံတိရစ္ဆာန် ကောင်ရေ ၃ ဘီလီယံ နီးပါး ရှိခဲ့ လိမ့်မယ်လို့ WWF ရဲ့ လေ့လာချက် စစ်တမ်းက ဆိုပါတယ်။   သြစတြေးလျတောင်ပိုင်းပြည်နယ်က သားပိုက်ကောင်ကျွန်းဟာ ကိုအာလာ ဝက်ဝံတွေ အဆိုးဆုံး ထိခိုက်ခံရတဲ့ နေရာပါ။  ကိုအာလာ ဝက်ဝံကောင်ရေ လေးသောင်းလောက် တောမီးဒဏ် ခံခဲ့ရတယ်လို့  WWF က ပြောပါတယ်။  ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကောင်ရေ ၁၁၀၀၀ နဲ့ နယူးဆောက်သ်ဝေးပြည်နယ်မှာ ကောင်ရေ ၈၀၀၀ လောက် တောမီးဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။  ဒါကြောင့် သြစတြေးလျကို ပြန်လည်အသက်သွင်းရေးအစီအစဉ်အရ ၂၀၅၀မှာ သြစတြေးလျအရှေ့ပိုင်းမှာ ကိုအာလာ ကောင်ရေ ၂ဆ တိုးရေး  WWF က ရည်မှန်း ထားပါတယ်. အစီအစဉ်ထဲမှာ ကိုအာလာတွေ စားစရာနဲ့ နေစရာပေးတဲ့ ယူကလစ်ပင်ရဲ့ အစေ့တွေကို ဒရုမ်းယာဉ်တွေနဲ့ လိုက်ကြဲဖို့လည်း ပါပါတယ်။ 
1 year Ago

January 23, 2020

သြစတြေးလျ တောမီးသင့်ဒေသ ပြန်ထူထောင်ရန်မျှော်လင့်

သြစတြေးလျတောမီးသင့်ဒေသတွေမှာ ဇန်နဝါရီ ၂၃ ရက်က ရှင်းလင်းရေးနဲ့ ပြန်တည်ဆောက်ရေးကို လုပ်ဆောင်နေပြီး တချို့လုပ်ငန်းတွေကို ပြန်ထူထောင်ဖို့ မီးဘေးသင့်သူတွေက မျှော်လင့်နေပါတယ်။ ကွတ်မန်ဇယ်ဟာ နယူးဆောက်ဝေးပြည်နယ်  Kangaroo Valley မြို့မှာ မင်္ဂလာခန်းမ ဝန်ဆောင်မှု လုပ်ငန်းကို ၁၂ နှစ်ကျော် အောင်အောင်မြင်မြင် လုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် တောမီးလောင်တဲ့အထဲမှာ မင်္ဂလာခန်းမ၊ ဘုရားကျောင်း၊ ရှုခင်းကြည့်နေရာနဲ့ တည်းခိုခန်းတွေ ပါဝင်တဲ့ သူရဲ့  Kangaroo Valley Bush Retreat ပါသွားခဲ့ပါတယ်။ တောမီးလောင်ပြီး နှစ်ပတ်အကြာမှာတော့ မန်ဇယ်ဟာ အာမခံကုမ္ပဏီနဲ့ ဒေသ အာဏာပိုင်တွေရဲ့အကူအညီနဲ့ ပြန်တည်ဆောက်ရေး စတင်နေပါပြီ။  တောမီးကြောင့် နေအိမ်တွေဆုံးရှုံးခဲ့သူ မန်ဇယ်က “အချိန်ကြာလာတာနဲ့အမျှ ပျက်စီးမှုကို ကုစားနိုင်မှာပါ” လို့ ပြောပါတယ်။ သြစတြေးလျ တောမီးကြောင့် လူ ၂၉ ယောက်နဲ့ ဒေသရင်း တိရိစ္ဆာန် ခန့်မှန်း  တစ်ဘီလျံလောက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း၂၅၀၀ လောက်နဲ့ ဂျာမနီနိုင်ငံရဲ့ သုံးပုံတစ်ပုံ အရွယ်ရှိတဲ့  တောရိုင်းမြေတွေဟာ မီးလောင်ပျက်စီးခဲ့ရပါတယ်။
2 years Ago
Up