သြစတြေးလျ

November 29, 2022

သြစတြေးလျ သန္တာကျောက်တန်းကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် အကြံပြု

သြစတြေးလျနိုင်ငံရဲ့ ကမ္ဘာ့အကြီးမားဆုံး သန္တာကျောက်တန်း Great Barrier ရဲ့ ဂေဟစနစ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပင်လယ်ရေပူနွေးလာမှုတို့ကြောင့် သိသာတဲ့ သက်ရောက်မှုရှိတဲ့အတွက် ဒီ သန္တာကျောက်တန်းကြီးကို မျိုးတုံးအန္တရာယ် ကျရောက်နိုင်တဲ့ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းသင့်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

နိုင်ငံစီးပွားရေးအတွက် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ဝင်ငွေရရှိစေတဲ့ ဒီသန္တာကျောက်တန်းကြီးကို မျိုးတုံးပျောက်ကွယ်လုနီးပါး စာရင်းထဲမှာ ထည့်သွင်းထိန်းသိမ်းထားဖို့ ကင်ဘာရာအစိုးရက နှစ်ပေါင်းများစွာ စည်းရုံးခဲ့တာပါ။

အမွေအနှစ်တွေ ဆုံးရှုံးသွားစေနိုင်ပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု လျော့ကျသွားနိုင်တာပါ။

မကြာသေးခင်ကမှ သြစတြေးလျရွေးကောက်ပွဲကနေ တက်လာတဲ့ အလုပ်သမားပါတီ အစိုးရဟာ ဒီသန္တာကျောက်တန်းကြီးကို အကာအကွယ်ပေးဖို့ လာမယ့်နှစ်မှာ ဒေါ်လာ သန်း ၈၀၀ အသုံးပြုမယ်လို့ ကတိပြုထားပြီး ပါလီမန်ကလည်း စက်တင်ဘာလထဲမှာ အတည်ပြုခဲ့ပါတယ်။

ကိုဗစ်ကာလ မတိုင်ခင်က သြစတြေးလျ အရှေ့မြောက်ကမ်းရိုးတန်းမှာရှိတဲ့ Great Barrier သန္တာကျောက်တန်းကြီးကို နှစ်စဉ် ခရီးသွား ၂ သန်းကျော် လာရောက်ခဲ့ပြီး လူပေါင်း ၆၄,၀၀၀ အတွက် အလုပ်အကိုင် ပေးထားနိုင်တယ်လို့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

1 day Ago

November 18, 2022

သြစတြေးလျကို ရေငုပ်သင်္ဘောတည်ဆောက်ပေးမှုနှင့်ပတ်သက်ပြီး ပြင်သစ်သမ္မတ ဖြေရှင်းချက်ပေး

သြစတြေးလျအတွက် ရေငုပ်သင်္ဘောတည်ဆောက်ရေး သဘောတူညီချက်ဟာ တရုတ်နိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်ခြင်း မဟုတ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

သြစတေးလျနဲ့ချမှတ်ထားတဲ့ မဟာဗျူဟာက အင်ဒို-ပစိဖိတ်ဒေသရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာကို ဆိုလိုထားတဲ့ လော့ဂျစ်နဲ့ အပြည့်အဝ ကိုက်ညီတဲ့ မဟာဗျူဟာတရပ်ပါ”လို့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ်ကို တက်ရောက်နေတဲ့ မက်ခွန်းက ပြောပါတယ်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ မဟုတ်တာကြောင့် တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ လည်း မရှိဘူးလို့ သူက ဆိုပါတယ်။ 

ဒါပေမဲ့အရင်ဝန်ကြီးချုပ်ဟောင်း မောရစ်ဆင်ရဲ့ ရွေးချယ်မှုက ဆန့်ကျင်ဖက် ဖြစ်နေပြီး နျူကလီးယား ထိပ်တိုက်ရင်ဆိုင်မှုထဲကို ပြန်ရောက်လာတာ လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း မောရစ်ဆင်ရဲ့ အစိုးရလက်ထက် ၂၀၂၁ ခုနှစ်က သြစတြေးလျဟာ ပြင်သစ် စစ်တပ်သင်္ဘောကျင်း Naval Group နဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ ရေငုပ်သင်္ဘောတွေ မှာယူမှုတွေကို ပယ်ဖျက်ခဲ့ပြီး အဲဒီအစား အမေရိကန်နဲ့ ဗြိတိန်တို့နဲ့ တခြား သဘောတူညီချက် တစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ 

ဒီအငြင်းပွားဖွယ် ဆုံးဖြတ်ချက်အတွက် သြစတြေးလျ ဝန်ကြီးချုပ်သစ် အန်တိုနီ အယ်လ်ဘာနီးစ် ရဲ့ အစိုးရဟာ ယူရို ၅၅၅ သန်းနဲ့ ပြေလည်မှု ရရှိခဲ့ပြီး ဒီဆောင်ရွက်ချက်ဟာ နှစ်နိုင်ငံကြား အကွဲအပြဲကို ပြုပြင်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကင်ဘာရာက မျှော်လင့်ထားပါတယ်။ 

2 weeks Ago
More News
Up