သွင်းဂိုးတွေရဲ့ အရသာကို အိုဇေးလ်နှစ်သက်နေပြီလို့ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက သုံးသပ်ပြော ကြားလိုက်ပါတယ်။
ဂျာမနီနဲ့အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ဖို့ အားသန်တဲ့ ကစားသမားဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ခြေစွမ်းပြဂိုးတွေ သွင်းနေတဲ့အတွက် ဂိုးသွင်းရတဲ့ ခံစားမှုကိုသိရှိနေပြီလို့ အာဆင်ဝင်းဂါးက ပြောဆိုလိုက်တာပါ။
အသက် ၂၈ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်ဟာ ပရီးမီးယားလိဂ်မှာ ၃ ဂိုးသွင်းယူထားသလို မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဟက် ထရစ်သုံးဂိုးသွင်းယူခဲ့တာပါ။
အိုဇေးလ်ရဲ့ ခြေစွမ်းဟာ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး အိုဇေးလ်ဆီကနေ ဂိုးဖန်တီးမှုတွေရော သွင်းဂိုးတွေကိုပါ မျှော်လင့်ထားတယ်လို့လည်း အာဆင်ဝင်းဂါးကဆိုပါတယ်။
အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စုတတိယပွဲစဉ်မှာ ဘူလ်ဂေးရီးယားကလပ် လူဒိုဂိုရက်အသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့လို့ အုပ်စုပထမနေရာမှာရပ်တည်နေပြီး လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မစ်ဒယ်ဘ ရော့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
4 years Ago