သွင်းဂိုးစံချိန် ကျော်ဖြတ်နိုင်ခဲ့သည့် ဟယ်ရီကိန်းအတွက် ဂုဏ်ယူဟု အလန်ရှီးယား ပြော

December 28, 2017

သွင်းဂိုးစံချိန် ကျော်ဖြတ်နိုင်ခဲ့သည့် ဟယ်ရီကိန်းအတွက် ဂုဏ်ယူဟု အလန်ရှီးယား ပြော

မိမိရဲ့သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟယ်ရီကိန်းအတွက် ကျေနပ်ဂုဏ်ယူမိတယ်လို့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပြောလိုက်ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၂၀၁၇ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သွင်းဂိုး ၃၉ ဂိုးအထိ သွင်းယူခဲ့တာကြောင့် ၁၉၉၅ ခုနှစ်က အလန်ရှီးယား စံချိန်တင်ထားတဲ့ ၃၆ ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး တနှစ်အတွင်း ပရီးမီးယားလိဂ်ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။ စီရော်နယ်ဒို၊ မက်ဆီတို့လို ကစားသမားတွေနဲ့ နှိုင်းယှဉ်ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးလည်း ပျော်ရွှင်ကျေနပ်မိတယ်လို့ ဟယ်ရီကိန်းက ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်ဟာ မိမိအတွက် အမှတ်ရစရာနှစ်ဖြစ်ပြီး အခုထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းရရေး ကြိုစားဖို့လိုသေးတယ်လို့လည်း ဟယ်ရီကိန်းက ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးသွင်းယူပြီး ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
4 years Ago
Up