သွင်းဂိုး

August 19, 2018

ဘာစီလိုနာအသင်း လာလီဂါသွင်းဂိုး ၆၀၀၀ ပြည့်ပြီ

မက်ဆီရဲ့ သွင်းဂိုးအပါအဝင် အလာဗက်စ်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါသွင်းဂိုး ၆၀၀၀ ပြည့်မြောက်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှ တတိယဂိုးကို သွင်းယူပေးခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာတို့အတွက် သွင်းဂိုး ၆၀၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်သလို သွင်းဂိုး ၅၀၀၀ ပြည့်ဂိုးကို သွင်းယူခဲ့သူဟာလည်း မက်ဆီပဲဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက်လည်း သွင်းဂိုးပေါင်း ၄၀၀ ပြည့်မြောက်ဖို့ ၁၀ ဂိုးလောက်သာ လိုတော့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ၁၅ ပွဲဆက်တိုက် လိဂ်သွင်းဂိုး သွင်းယူနိုင်ခဲ့သလို ဒါဟာ မက်ဆီအတွက် ၃ ကြိမ်မြောက် စံချိန်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီရဲ့အဓိက ပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုဟာလည်း အီတလီမြေကို ပြောင်းရွှေ့သွားတာကြောင့် မက်ဆီအနေနဲ့ အသင်းနဲ့အတူ တဦးချင်းစံချိန်တွေကိုလည်း ဆက်လက်ရယူဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။
3 years Ago
Up